ယေရှုကိုမြှုပ်နှံထားသည့်နေရာကို တွေ့ဖို့နီးစပ်နေပြီဖြစ်တဲ့ ဘူမိဗေဒပညာရှင်များ
ယေရှုမြှုပ်နှံထားရာကို သုတေသနပြုကာ ရှာဖွေမှုတွေလုပ်နေခဲ့တဲ့ဘူမိဗေဒပညာရှင်တွေဟာ အခုအခါမှာတော့ ယေရှုကို
မြှုပ်နှံထားတဲ့နေရာကို ရှာဖွေနိုင်ဖို့ နီးစပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဂျေရုစလင်အရှေ့ပိုင်းမှာ 1980 ခုနှစ်က သင်္ချီုင်းဂူကြီးတစ်ခုကို တွေ့ခဲ့ရပြီး အဲဒီဂူဗိမာန်ကြီးထဲမှာ မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေ ရှိနေခဲ့ပါတယ်။

ပိုပြီး ထူးခြားတာက အဲဒီဂူထဲမှာ မြှုပ်နှံထားတဲ့ ခေါင်းတလားတွေမှာ ထွင်းထုထားတဲ့ နာမည်တွေဟာ သမ္မာကျမ်းစာပါ
ယေရှုရဲ့ဆွေတော်မျိုးတော်နာမည်တွေနဲ့ ဆက်စပ်မှုရှိနေတာပါဘဲ။ ဒီအချက်ကိုအခြေခံပြီး ဒီဂူသင်္ချီုင်းထဲမှာပဲ ယေရှုကို
မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပုံရတယ်လို့ အချို့က ယူဆနေသလို ယေရှုဟာ အိမ်ထောင်ကျခဲ့ကြောင်းလည်း အခိုင်အမာ ဆိုသူတွေက ရှိနေခဲ့ပြန်ပါတယ်။

အဲဒီအချက်မှာတော့ ခရစ်ယာန်အသိုင်းအ၀ိုင်းက လုံးဝ လက်မခံကြဘဲ၊ ယေရှုဟာ ရှင်ပြန်ထမြောက်ခဲ့တဲ့ သူတော်စင်
ဖြစ်ပြီး ဇနီးမယားနဲ့ သားထောက်သမီးခံ မရှိဘူးလို့ တုန့်ပြန်ခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး 2007 မှာ The Lost Tomb of Jesus ဆိုတဲ့ အမည်နဲ့ ရုပ်ရှင်တစ်ခု ပေါ်ထွက်ခဲ့ပြီး ထိုစဉ်ကလည်း အပြင်းအထန် ငြင်းခုံမှုကြီး ဖြစ်ပေးခဲ့ပါသေး
တယ်။

အချို့ကတော့ အရိုးသေတ္တာတွေမှာ ထွင်းထုထားတဲ့ နာမည်တွေဟာ အချိန်မရွေး ထည့်သွင်းထွင်းထုနိုင်တဲ့ အရာတွေ
ဖြစ်လို့ အဲဒီတွေ့ဆုံမှုကို ယုံကြည်မှုမရှိလို့ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့ကြပါတယ်။ အစ္စရေးရှေးဟောင်းပစ္စည်း စု
ဆောင်းသူတစ်ယောက်ဆီမှာလည်း အရိုးသေတ္တာတစ်ခု ရှိပြီး အဲဒီသေတ္တာမှာတော့ ‘James (Joseph ၏သား၊ Jesus ၏ ညီ) လို့ ရေးထိုးထားပါတယ်။
ဒါကို ထောက့်ချင့်ခြင်းအားဖြင့် အဆိုပါလူဆီမှာ ရှိနေတဲ့ အရိုးသေတ္တာဟာ တွေ့ရှိထားတဲ့ သင်္ချီုင်းကြီးနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ယူဆနိုင်ပြီး၊ ဒေါက်တာ Aryeh E. Shimron က ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်တဲ့အခါ အလွန်နီးစပ်စွာ တူညီနေ
ကြောင်း အဖြေထွက်ခဲ့ပါတယ်။ အဲဒီအုတ်ဂူကြီးထဲမှာ ယေရှုနှင့်အတူ ဇနီး Mary Magdalene၊ သား Judah တို့ မြှုပ်နှံခဲ့တာ သေချာတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ သင်္ချိုင်းဂူရှာဖွေရေးအဖွဲ့ဟာ သူတို့ရှာဖွေတွေ့ရှိမှုတွေကို ထုတ်ပြန် ခြင်း မရှိသေးဘဲ၊ ယေရှုကို
အမှန်တကယ် မြှုပ်နှံထားရာနေရာကို မကြာမီမှာ ရှာဖွေတွေ့ရှိဖို့ ကွင်းဆက်တွေ ရှိနေပြီလို့ ဆိုခဲ့ပါတယ်။
လင်းဇော်ကို (Shwemom)
source : thesun.co.uk
Ref : Shwemom
