မဟာတံတိုင်းကြီးကို ခြေထောက်နဲ့ ကန်ခဲ့သူ ထောင်ဒဏ် ချမှတ်ခံရ
22July2016
တရုတ်နိုင်ငံက အထင်ကရ မဟာတံတိုင်းကြီးရဲ့  နံရံကို ခြေထောက်နဲ့ ကန်ခဲ့
ပြီး အုပ်ချပ်ကို ဆွဲပြလိုက်တဲ့ ရုပ်သံ အွန်လိုင်းမှာတင်ခဲ့ပြီးတဲ့နောက် အဆိုပါ တရုတ်အမျိုး အသား ကို တရုတ်ပြည်နယ်တရားရုံးက ထောင်ဒဏ်(၁၀)ရက်နဲ့  ယွမ်ငွေ (၅၀၀)ဒဏ်ရိုက်ခဲ့ကြောင်းသိရပါတယ်။
Huailai County ဟွာလိုင် မြို့ က Mr. Zhu ဇူ ဆိုသူအမျိုးသားဟာ မဟာတံတိုင်း ကြီးက အုပ်နံရံကို ကွန်ဖူးသိုင်းကွက်ကတဲ့ ပုံစံမျိုးဟန်ပြပြီး
အုပ်ချပ်ကို ဖဲ့ထုတ်ပြစ်ခဲ့ပါတယ်။
ဇူလိုင် ၁၇ ရက်နေ့ က အွန်လိုင်းမှာ တင်ခဲ့တဲ့ ရုပ်သံကြောင့် အပျော်သဘောမျိုး ဆိုပေမယ့် တန်ဘိုးရှိတဲ့ ရှေးဟောင်းအမွှေအနှစ်ကို ဖျက်ဆီးခဲ့တာကြောင့် ခု
လို ထောင်ချမှတ်ခံရတာပါ၊
ကမ္ဘာကျော် တရုတ်တံတိုင်း ကြီးဟာ ၅၅၀၀ မိုင် (၈၈၅၁.၈ ကီလိုမီတာ) ရှည်တဲ့ ကမ္ဘာ့ အရှည်ဆုံး တံတိုင်းကြီး ဖြစ်လို့ မဟာ တံတိုင်းလို့ ခေါ်တာ ဖြစ်ပါတယ်။
တရုတ်ပြည် မင်းအဆက်ဆက် အသက်ပေါင်းများစွာ စတေးခဲ့ရပြီး ခက်ခက် ခဲခဲ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။တံတိုင်းကြီး ရဲ့  သက်တမ်းဟာ နှစ်ပေါင်း ၂၀၀၀ ထက်မနည်း ရှိပြီလို့ ဆိုပါတယ်။
(SAW)