ခေါင်းလောင်းဆက်ဖေါ်မယ်ဆိုရင် အရေးယူမယ်


==========================
၂၂..၇..၁၆
-
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်က ချင်းတွင်းမြစ်ထဲမှာ ဓမ္မစေတီ
ခေါင်းလောင်းရှာဖွေနေတာတွေကို ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် ဥပဒေအရ အရေးယူတာတွေအထိ လုပ်ဆောင်သွားမယ်လို့ စစ်ကိုင်းတိုင်း
ဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။
-
ချင်းတွင်းမြစ်ထဲ ဓမ္မစေတီခေါင်းလောင်းပေါ်တယ်ဆိုပြီး လူအုပ်စုတွေနဲ့ ရှာဖွေနေကြတဲ့အတွက် အဲဒီလို ပြောဆိုချက်တွေဟာ ကောလာဟလတွေ
သာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ ဝါဆိုလပြည့်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် မောက္ကာတော်ရွာနား ချင်းတွင်းမြစ်ဘေးမှာ အဖွဲ့တစ်ဖွဲ့က မမှန်သတင်းတွေ လွှင့်ခဲ့ကြတာလို့ ပြောပါတယ်။
-
အဲ့ဒီနေ့က ချင်းတွင်းမြစ်ထဲမှာ နဂါးစာကျွေးတာ၊ မြစ်ထဲမှာ ခေါင်းလောင်း
ဆယ်ဖို့အတွက် စီစဉ်ကြတာဖြစ်ပြီး အတော်စည်ကားသွားခဲ့ပါတယ်။
-
ခေါင်းလောင်းပေါ်မယ်ဆိုပြီး ကောလာဟလလွှင့်တဲ့အဖွဲ့တွေဟာ ဒေသခံ
တွေမဟုတ်ကြဘဲ တစ်ခြားဒေသကလာရောက်ပြီး အခုလိုသတင်းမျိုးတွေ
လွှင့်ကြတာဖြစ်ကြောင်းလည်း ဦးမြင့်ကြည် က ပြောပါတယ်။

==========
RFA Burmese
Powered by Blogger.