ပြည့်တန်ဆာရုံများကို ပိတ်သိမ်းဖို့ကြိုးစားမယ့်အမျိုးသမီးဝန်ကြီး ရုပ်သံ


ကမ္ဘာလှည့်ခရီးသွား စွဲဆောင်မှုအဖြစ် အောင်မြင်မှုတွေ ရနေတဲ့ ထိုင်းနိုင်ငံရဲ့Sex Bar များကို ကမ္ဘာလှည့်ခရီးသွားလာ ရေးနဲ့အားကစားဝန်ကြီးအဖြစ်အသစ်တာဝန်ယူလိုက်တဲ့ အမျိုးသမီးဝန်ကြီး Kobkarn Wattanavrangkul က ပိတ်ပင်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 Walking Street လို့ အမည်ရတဲ့ ပတ္တယားကမ်းခြေအနီးရှိ လမ်းအတွင်းမှာ Sex Bar တွေဟာ အများအပြားမြင်တွေ့နေရပါတယ်။  ကမ်းခြေအလှနဲ့ နိုင်ငံ၏သိက္ခာတရားကို ထိခိုက်စေတဲ့ အရာတွေလို့ ၀န်ကြီး Kobkarn က ယူဆခဲ့ပါတယ်။

Walking Street ရဲ့လမ်းဘေးဝဲယာမှာ အမျိုးသမီးငယ်ငယ်လေးတွေ၊ Lady Boy တွေဟာ အမျိုးမျိုးသော အနေအထား၊အမူအယာ၊ အသံ၊ ကြော်ငြာဆိုင်းဘုတ် စတာတွေကို ကိုင်ဆောင်ပြီး သူတို့ရဲ့ဖောက်သည်တွေကို လွတ်လပ်စွာ ရှာဖွေနေကြတာကလည်း ထုံးစံတစ်ခုလို ဖြစ်နေခဲ့ပါတယ်။

 ဒါပေမယ့် ယဉ်ကျေးမှုဝန်ကြီးနဲ့ နီးစပ်သူတွေက လိင်လုပ်ငန်းဟာ ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ခံယူထားတဲ့ ထိုင်းနိုင်ငံအတွက်တော့ လုံးဝသင့်တော်မှုမရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

အမျိုးသမီးဝန်ကြီး Kobkarn က နိုင်ငံရဲ့ဝင်ငွေထိခိုက်မည်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ” နိုင်ငံခြားသားတွေဟာ  … ဒီကို လိင်ကိစ္စအတွက် လာတာမဟုတ်ဖူးဆိုတာ သဘောပေါက်ဖို့ ကောင်းပါတယ် … သူတို့က ယဉ်ကျေးမှုနဲ့ဘိုးဘွားအမွေအ နှစ်တွေကို ကြည့်ဖို့ လာတာပါ … ကျွန်မတို့ထိုင်းနိုင်ငံရဲ့ ခရီးသွားဝန်ဆောင်မှုစနစ်ကို မြှင့်တင်ရမယ့် အချိန်ပါဘဲ “လို့ ပြောခဲ့ပါတယ်။

Kobkarn Wattanavrangkul

 Source : Daily Mail

Zawgyi.info  


Powered by Blogger.