လမုပင်ထဲက ခရင်းကောင်တဲ့...Oyster ထက်တောင် အရသာ ပိုကောင်းတယ်တဲ့


ထိုင်းနိုင်ငံက လူမှုကွန်ယက်မှာ အင်မတန် နာမည်ကြီးနေတဲ့ ခရင်းကောင် အကြောင်းဖြစ်ပါတယ်။ ဒီခရင်းကောင် (သို့) သစ်ပလုတ်ကောင် တွေဟာ အသားငါးတွေထက်တောင် ဈေးကောင်းနေပြီး အရမ်းလဲ အရသာရှိတဲ့ အစားအစာလို့ ပြောကြပါတယ်။



ခရင်းကောင် (သို့) သစ်ပလုတ်ကောင် တွေရဖို့ဆိုရင်တော့ လမုပင်တွေကို အပိုင်းလေးတွေ ပိုင်းဖြတ်ပြီး ပင်လယ်ကမ်းခြေလေးတွေမှာ ပြစ်ထားလိုက်ကြပါတယ်။ ခရင်းကောင်လေးတွေ အဲ့ဒီ လမုပင်အတွင်း အပေါက်လေးတွေ ဖောက်ပြီး နေကြပါတယ်။ အရွယ်ရောက်ပြီး ဈေးကွက်ထဲရောင်းနိုင်တဲ့ထိ အချိန် တစ်နှစ်တိတိ စောင့်ရပါတယ်။



လက်ရှိဈေးကွက်ထဲမှာ ခရင်းကောင်တွေကို ၁ကီလိုကို ဘတ်ငွေ ၈၀၀ - ၁၀၀၀ ထိဈေးကောင်းကောင်း ရောင်းဝယ်ကြပါတယ်။ မြန်မာနိုင်ငံမှာ အများသိကြတာက သစ်ပလုတ်ကောင်လို့ခေါ်ကြတယ်။ ပင်လယ်ရေငန်သစ်ဆွေးတုံးတွေထဲမှာနေပြီး အစိမ်းလိုက်စားရင်အရမ်းစားကောင်းတယ်လို့ပြောကြတယ်။



Source: Khaosod.co.th
via: PopoLay
Powered by Blogger.