ကူးတို့လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသော ကျောင်းသူလေးဦး အလောင်းများရှာဖွေတွေ့ရှိ


ကူးတို့လှေနစ်မြုပ် မှုကြောင့် ပျောက်ဆုံးနေသည့် ရ သေ့တောင်မြို့နယ် ကျောက်စာ တိုင်ကျေးရွာမှ နောက်ဆုံးကျန်ရှိ သော ကျောင်းသူတစ်ဦး၏ ရုပ်အ လောင်းကို သြဂုတ် ၂၁ ရက်ကရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ထို့ကြောင့်ပျောက်ဆုံးနေ သည့် ကျောင်းသူလေးဦး၏ ရုပ် အလောင်းအားလုံးကို တွေ့ရှိပြီ ဖြစ်သည်။ 

သြဂုတ် ၁၉ ရက် နံနက် ၉ နာရီကျော်တွင် ရသေ့တောင်မြို့ နယ် ကျောက်စာတိုင်ကျေးရွာမှ ရန်အောင်ပြင်ကျေးရွာ အထက် တန်းကျောင်းသို့ ကျောင်းသွား တက်သည့် ကျောင်းသား ၁၇ ဦးနှင့် ကူးတို့လှေမောင်းသူတစ်ဦး လိုက်ပါလာသည့် ကူးတို့လှေသည် ဂွေးတောက်ချောင်းအလယ်တွင် လှေဦးပေါက်ကာ ရေနစ်မြုပ်ပြီး ပဉ္စမတန်းကျောင်းသူနှစ်ဦး၊ သတ္တမတန်းကျောင်းသူတစ်ဦးနှင့် န၀မတန်းကျောင်းသူတစ်ဦး (စုစုပေါင်းလေးဦး) ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
ရှာဖွေကယ်ဆယ်ရေး လုပ် နေသူများက ပျောက်ဆုံးနေသည့် ကျောင်းသူများကို နေ့ညမပြတ် ရှာဖွေခဲ့ကြရာ သြဂုတ် ၂၀ ရက် တွင် ကျောင်းသူသုံးဦး၏ ရုပ်အ လောင်းများကို လှေနစ်မြုပ်ခဲ့ သည့် ဂွေးတောက်ချောင်းနှင့် မ ယူမြစ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ သည်။ သြဂုတ် ၂၁ရက် နေ့လယ် တွင် ကျန်ရှိနေသည့် ပဉ္စမတန်းကျောင်းသူတစ်ဦး၏ ရုပ်အ လောင်းကို မယူမြစ်အတွင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ဦးမောင်အေးက ပြောသည်။
 ရှာဖွေတွေ့ရှိခဲ့သော ကျောင်းသူများ၏ ရုပ်အလောင်း များကို မြေမြှုပ်သင်္ဂြိုဟ်လိုက်ပြီ ဖြစ်ကြောင်း ဦးမောင်အေးက ဆက်လက်ပြောသည်။
‘‘နောက်တစ်ကြိမ် ဒီလိုအ ဖြစ်ဆိုးနဲ့ မကြုံရအောင် ကူးတို့ကူးတဲ့အခါ လှေပေါ်မှာ ဆံ့သ လောက်သာ လိုက်ပါကြဖို့နဲ့ အ သက်ကယ်အင်္ကျီတွေဝတ်ဆင်ပြီး ဖြတ်ကူးကြဖို့ ပြောချင်ပါတယ်’’ ဟု ကျောက်စာတိုင်ကျေးရွာအုပ် ချုပ်ရေးမှူးကဆိုသည်။
ကူးတို့လှေနစ်မြုပ်မှုကြောင့် ကျောင်းသူလေးဦး သေဆုံးခဲ့ရ သည့် ကျောက်စာတိုင်ကျေးရွာ နှင့် အနီးဝန်းကျင်ရွာနှစ်ရွာမှ ကျောင်းသားတစ်ရာကျော်မှာ ရန် အောင်ပြင်ကျေးရွာ အထက်တန်း ကျောင်းသို့ ဂွေးတောက်ချောင်း ကိုဖြတ်ကာ နေ့စဉ်ကျောင်းသွား တက်နေရပြီး ကူးတို့လှေစီးခအ ဖြစ်ကျောင်းသားတစ်ဦးလျှင်တစ် နှစ်အတွက် တစ်သောင်းကျပ်ပေး ရကြောင်း ကုန်တန်းကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

Credit:7Day Daily
Powered by Blogger.