ချစ်သူက လည်ပင်းကို နမ်းလိုက်တဲ့အတွက် ဆယ်ကျော်သက် ကောင်လေးတစ်ဦး သေဆုံး


----------------------------------
ချစ်သူက ပေးခဲ့တဲ့ အနမ်းတစ်ခုကြောင့် ဂျူလီယိုမက်ဆီရာဂွန်ဇာလက်ခ်ဆိုတဲ့ အသက် ၁၇ နှစ်အရွယ် ကောင်လေးဟာ လေသင်တုန်းဖြတ်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဂျူလီယိုဟာ ချစ်သူနဲ့ ညနေပိုင်း တွေ့ဆုံပြီးတဲ့နောက် မက္ကဆီကိုမြို့မှာ မိသားစုနဲ့အတူ ညစာစားနေရင်း အကြောဆွဲသလို ဖြစ်သွားခဲ့ပါတယ်။
ဆေးတပ်ဖွဲ့ရောက်လာခဲ့ပေမဲ့ ဂျူလီယိုကို မကယ်တင်နိုင်ခဲ့ပါဘူး။
ဒါဟာ အနမ်းပေးလိုက်တဲ့ စုပ်အားကြောင့် သွေးခဲဖြစ်သွားပြီး အဲဒီသွေးခဲက ဦးနှော်ကထဲကို ရောက်သွားလို့ လေသင်တုန်းဖြတ်သွားတာလို့ ယူဆရပါတယ်။ဂျူလီယိုရဲ့ အသက် ၂၄ နှစ်အရွယ် ချစ်သူမိန်းကလေးက အခု ပျောက်နေပြီး ကောင်လေးရဲ့မိဘတွေကတော့ သူတို့သား သေဆုံးရခြင်းအတွက် မိန်းကလေးကို အပြစ်တင်နေပါတယ်။
၂၀၁၁ ခုနှစ်တုန်းကလည်း အလားတူဖြစ်ရပ်ကြောင့် အသက် ၄၄ နှစ်အရွယ် အမျိုသမီးတစ်ဦး လေသင်တုန်းဖြတ်ပြီး အကြောသေသွားခဲ့ဖူးပါတယ်။

Source & Photos : Mirror
Duwun

Powered by Blogger.