တောင်ကြီးမြို့နယ် ၃ လောင်းပြိုင်လူသတ်မူဖြစ်စဉ် ရှမ်းပြည်နယ် ရဲမှူးချုပ် ဦးအောင်အောင်၏ပြောကြားချက်


****************************************
“ရဲနည်းပညာနဲ့ စစ်ကြောရေးနည်းပညာ အရ စစ်ရင်းကနေ ဘက်ပေါင်းစုံ မေးမှ မတက်သာလို့ ဖြောင့်ချက်ပေးတယ်။ မတက်သာလို့ ကလေးတွေကိုပါသတ်လိုက်ရတယ်လို့ ဝန်ခံလိုက်ရတဲ့ သဘောလည်းပါတယ်။”

သုံးလောင်းပြိုင်လူသတ်မှု ကျုးလွန်သူကို ဖမ်းမိခဲ့တဲ့ ရှမ်းပြည်နယ် ပြည်နယ် ရဲမူးချုပ်ကြီး ဦးအောင်အောင်နဲ့ ဆက်သွယ်မေးမြန်းခြင်း 
တောင်ကြီး မြို့နယ်တောင်နီ ကျေးရွာ မှာ သုံးလောင်းပြိုင် လူသတ်မူ တစ်ခု ဖြစ်ပွားခဲ့ ပြီး နာရီလေးဆယ်အတွင်းမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အမူ ဖြစ်စဉ်နဲ့ ပါတ်သတ်ပြီး ကျူးလွန်သူကို ဘယ်လို ဖော်ထုတ်ခဲ့တယ်ဆိုတာကို ရှမ်းပြည်နယ် ပြည်နယ် ရဲမူးချုပ်ကြီး ဦးအောင်အောင် ကိုဆက်သွယ်မေးမြန်းထားပါတယ်။

ကုမုဒြာ။ ။ အမှုနဲ့ပတ်သတ်ပြီးဘယ်လိုစတင်ပြီးခြေရာခံမိပါသလဲ။
ရဲမှုးချုပ်ကြီး ဦးအောင်အောင်။ ။ကျွန်တော်တို့ စသိတာက (သြဂုတ်) ၂၁ ရက်နေ့ ညနေ ၆ နာရီကျော်က အလောင်းသုံးလောင်းကို အိမ်မှာ စတွေ့တယ် အဲကနေစပြီး ကျွန်တော်တို့ရဲ့ အထူးအမူစစ်တွေက ခွဲပြီးတော့ လုပ်တယ် လူထုက ကျွန်တော်တို့ ကိုသတင်းလေးတစ်ခု ပေးတယ် သည်လူကြီးတစ်ယောက်ကတော့ လွန်ခဲ့တဲ့နှစ်ပိုင်းလောက်တုန်းက သည်အမျိုးသမီး အဆက်အသွယ်ရှိ တယ် နောက်ပိုင်းတော့မရှိဘူး သည်အမျိုးသမီးက လည်း နောက်ထပ် အိမ်ထောင်ပြုဖို့ သဘောလေးရှိနေတယ်ဆိုပြီးတော့ ပြောတယ် သည်ပေါ်မှာမူတည်ပြီးတော့ မနေ့ညက ကိုင်တွယ်လိုက်ပြီးတော့ သက်ဆိုင်တဲ့ ငါးယောက်လောက် ကို တရားဝင် ရဲစခန်းမှ ခေါ်ပြီး စိစစ်မယ်လုပ်တော့ သည်မနက် ခြောက်နာရီခွဲလောက်မှာ ထူးခြားတဲ့ တရားခံကို တွေ့တယ် အဲသည်အချိန်မှာ တရားခံ လို့ မသိသေးဘူး ဖမ်းတာ မဟုတ်ပါဘူး စိစစ်ဖို့ခေါ်ယူစစ်လိုက်တဲ့အချိန်မှာ ဘောင်းဘီအိတ်ထဲမှာ နိုင်ငံသားစိစစ်ရေးကတ်နဲ့ ပိုက်ဆံ ခုနှစ်သိန်းတွေ့တယ် နိုင်ငံရေး စိစစ်ကတ်ကို ရဲတွေနဲ့ သုံးသပ်ကြည့်လိုက်တဲ့ အခါမှာ အပြင်ကို ခရီးသွားမယ့် ပုံစံမျိုးဆိုတာ ကို သံသယရှိပြီးတော့ စခန်းရောက်တော့ သူရဲ့ ကိုယ်ခန္ဓာကို ပွန်းရာ ပဲ့ရာ ခြစ်ရာ ဒဏ်ရာတွေ တွေ့တော့ ပိုမသင်္ကာမူဖြစ်တယ် ။ဒါနဲ့စိစစ်တော့ နေ့လည်တစ်နာရီမှာ သတ်ပါတယ် ဆိုပြီး ဝန်ခံတယ်ကျွန်တော်တို့ ဦးစီးပြီး စစ်ဆေးပြီးတော့ လက်ရှိ လွန်ခဲ့တဲ့ တစ်နာရီလောက်က တောင်ကြီးမြို့နယ်တရားရုံးမှာ ကြှိုတင်ဖြောင့်ချက်ပေးနေပါပြီ။ 
ကုမုဒြာ။ ။ သည်လူသတ်မူနဲ့ ပါတ်သတ်ပြီး ပြည်သူတွေကို ပြောပြချင်တာများ ရှိပါသလား။ ဘာကြောင့် အချိန်တိုအတွင်းမှာ ဖမ်းမိတာလဲ။

ရဲမူးချုပ်ကြီး ဦးအောင်အောင်။ ။လူုထုက တော်ရုံတန်ရုံ သတင်းမပေးဘူး။ မနေ့ ညနေကမှ ရွာမှာ ကျွန်တော်တို့ သတင်းထောက်လှမ်းရေးအဖွဲ့ ကကြည့်လိုက်တဲ့အခါမှာ ရဲတပ်ဖွဲ့ပေါ်မှာ သတင်းပေးတဲ့ အခါမှာ ရပ်ရွာရဲ့အနေအထားအရ အမည်မဖော်ပါနဲ့ ဆိုပြီးလူတစ်ယောက် က အဲသည် လူရဲ့ အနေအထားလေး ကို ထည့်သွင်းစဉ်းစားသင့်တယ်ဆိုပြီး လှမ်းပြောတယ်။ ဒါကအင်မတန်ကို တန်ဖိုးရှိတဲ့ သတင်းဖြစ်သွားတာပေါ့။ အဲအပေါ်မှာ ကျွန်တော်တို့ က ညဘက် ဝိုင်းပြီးတော့ သည်လူအပေါ်မှာ ခေါ်ပြီး စိစစ်မလား မစိစစ်ဘူးလားဆိုပြီး အားလုံးဝိုင်း စဉ်းစားတယ်။ ပြီးတော့ စိစစ်မယ် ဆိုပြီးတော့ သည်မနက်ခြောက်နာရီမှ အားလုံးဆုံးဖြတ် လိုက်ကြ တယ် ။
ကုမုဒြာ။ ။ ဘာကြောင့်သတ်တယ်လို့ သူ က ဝန်ခံတာလဲ။

ရဲမူးချုပ်ကြီး ဦးအောင်အောင်။ ။ သူတို့ က ဟို ကာလတစ်ခု တုန်းက လဲချားဘက်မှာနေတုန်းက သည်အမျိုးသမီးနဲ့ လူမူရေးအရ လွန်ကဲပြီးတော့ နောက်ဆုံးနည်းနည်း ငွေကြေးထောက်ပံ့တယ်။ သည်အမျိုးသမီးက ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက်က လက်ရှိတရားခံနဲ့ အဆက်အသွယ်ပြတ်သွားပြီးတော့ တစ်ခြား အမျိုးသားနဲ့ အိမ်ထောင်ပြုမယ်ဆိုပြီးတော့ သဘောရှိတယ်။ သည်အမျိုးသားကလည်း အရင်က ရွှေငွေတွေ ထောက်ပံ့ပေးတဲ့အနေအထား ရှိတယ်။ သူက သတ်ဖို့ ရည်ရွယ်ချက်တော့ ရှိပုံမရဘူးလို့ ဖော်ထုတ်ရတယ်။ ည ၁၂ နာရီလောက် အိမ်ထဲကို ဝင်သွားပြီးတော့ သူဆွေးနွေးတယ် အဲအမျိုးသမီးကို ရရင် ယူမယ်ဆိုတဲ့ သဘောရှိတယ်။ အဲသည်အခါမှာ အမျိုးသမီးက နောက်အိမ်ထောင် ပြုမယ်ဆိုပြီးပြောတော့ အဲအိမ်ထဲမှာ ရှိနေတဲ့ ဝက်စာ စဉ်းတဲ့ ဓါး မ နဲ့ တန်းခုတ်လိုက်တဲ့ သဘောပါပဲ။ အဲဓါးက အပြင် ကနေယူလာတဲ့ ဓါးမဟုတ်ပါဘူး ။ အဲအိမ်ထဲမှာ ရှိနေတဲ့ ဓါးက စိတ် တဒင်္ဂ ဒေါသထွက်တဲ့ အမှား ပါပဲ။ အဲမှာ ရှိတဲ့ ဟာတွေအားလုံး သတ်လိုက်တဲ့ သဘောပါပဲ။ 

ကုမုဒြာ။ ။ ကလေးနှစ်ယောက်ကိုတော့ ဘာကြောင့်သတ်ရတာလဲ။
ရဲမူးချုပ်ကြီး ဦးအောင်အောင်။ ။ သူ့ကိုအားလုံးက သမီးရော တူတွေရော သူ့ကို သိနေတယ် ။ အဲတော့ ကလေးတွေ ထားခဲ့လို့ မဖြစ်ဘူး ။ နုတ်ပိတ်လိုက်မှ သူမှန်းမသိ မှာ။ ကျွန်တော်တို့ က ရဲနည်းပညာနဲ့ စစ်ကြောရေးနည်းပညာ အရ စစ် ရင်းကနေ ဘက်ပေါင်းစုံ မေးမှ မတက်သာလို့ ဖြောင့်ချက်ပေးတယ်။ မတက်သာလို့ ကလေးတွေကိုပါသတ်လိုက်ရတယ်လို့ ဝန်ခံလိုက်ရတဲ့ သဘောလည်းပါတယ်။ အစကတော့ သူကငြင်းပါတယ်။ သတ်ဖို့ ရည်ရွယ်ထားတာလည်းမဟုတ်ဘူး ။ကျွန်တော်တို့ကလည်း သူမှန်းသိပြီး ဖမ်းတာမဟုတ်ဘူး။ ကျွန်တော်တို့ ရဲတွေကတော့ အချိန်တို နာရီလေးဆယ် အတွင်း သုံးလောင်းပြိုင် ဖော်ထုတ်နိုင်ခဲ့တော့ သေဆုံးသူ မိသားစုအတွက် က ရဲတပ်ဖွဲ့အပေါ်မှာ ကျေနပ်မူ အပြည့် ရှိမှာပါ။ 

ကုမုဒြာ။ ။ အချိန်တိုအတွင်းဖမ်းမိနိုင်ဖိုက ရဲမူးကြီးတို့ ကို အခြား ကူညီပေးတဲ့ အဖွဲ့အစည်းတွေရှိလား။

ရဲမူးချုပ်ကြီး ဦးအောင်အောင်။ ကျွန်တော်တို့ က နည်းနည်းတော့ ခက်တယ် ။ လူထုထဲကပေးတဲ့သတင်းက ကျွန်တော်တို့ အတွက် တန်ဖိုးရှိသွားတာ။ စသိတဲ့အချိန်ကလည်း ညနေ ၆ နာရီ တစ်ညလုံး ပါတ်ဝန်းကျင်အသိုင်းအဝိုင်း က သည်လို ဖြစ်လေ့ဖြစ်ထ ရှိရင် ပြောလေ့ပြောထမရှိဘူး ကူညီမူနည်းပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်တို့ ရဲ့တပ်ဖွဲ့နဲ့ အဖွဲ့အစည်းကလည်း ခုနက ရတဲ့ သတင်းလေး တစ်ချက် ကို အကျိုးရှိရှိနဲ့ အသုံးချလိုက်ရတာပဲ။ ကျန်တဲ့အဖွဲ့အစည်းအနေအထားနဲ့ ကသတင်းပေးနိင်ခြေမရှိဘူး။ လုပ်တာကလည်း ညဘက်ကြီးတွေပဲ မသင်္ကာတဲ့အိမ်တွေလိုက် ကြည့်တယ်။ ကိုယ့်ရဲ နဲ့ ကိုယ့်အဖွဲ့ကပဲ လုပ်ခဲ့တာ။ လူထုထဲက သတင်းတစ်ခု အမည်မဖော်လို သူလူတစ်ယောက်က သည်လူကတော့ သံသယ ရှိစရာကောင်းတယ်လို့ ရလိုက်တဲ့အပေါ်မှာ လုပ်တာပါပဲ။ သူကလည်း လူထုထဲက လူထုဆိုတာ သည်လောက်ပဲ ပြောလို့ရမှာပါ။

ကုမုဒြာ။ ။ ခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ 
Author : အေးအေးအောင်
                      Kumudra
Powered by Blogger.