သမီး၊ သားမက်နှင့် မြေးနှစ်ဦးဆုံးရှုံးခဲ့ရသည့် ဒေါ်ရီရီနွဲ့နှင့်တွေ့ဆုံခြင်း
“အန်တီ့မြေးလေးတွေနဲ့ အန်တီ့သမီး၊ သား သူတို့မိသားစုလေးပဲလိုချင်တယ်”

လက်ရှိ ဒီနေအိမ်ကို သူစိမ်းတွေ ဝင်ထွက်သွားလာဖူးပါလား အန်တီ။
ဒီအိမ်ကို ပြောင်းလာတာ ခုနစ်လလောက်ရှိပြီ။ ကြည်ဝင်း နိုင်ဆိုတဲ့တစ်ယောက်က အရက်မူးပြီး လာဖူးတယ်။ ဒီအိမ်ကိုလည်းပစ္စည်းရွှေ့ ဘာရွှေ့နဲ့ သူက ရောက်ဖူးတယ်။ အန်တီကလည်း တွေ့ဖူးတယ်။ ထမင်းချက် ဘာ ချက်နဲ့ဆိုတော့ အိမ်ပြောင်းပြီးက တည်းက မလာတော့တာ။ အဲဒီ နေ့ မနက်က လာသေးတယ်။ အန်တီက မစပ်စုဘူးလေ။ သူ့တပည့်ဘာညာဆိုတော့။ အိမ်အထဲထိဝင်ပြီး ပြန်ထွက်သွားတယ်။ မင်းပြန်တော့လို့ ကိုစိုးနောင်ကပြောတော့ သူ့မိန်းမဝယ်ပေးထား တဲ့ ဖုန်းကို ဗိုလ်လေးပြန်ယူပါဆိုပြီး ပြောတော့ မယူဘူးဆိုပြီး ပြန် လွှတ်လိုက်တယ်။
လူသတ်မှုမဖြစ်ခင် နေအိမ်အနီး မှာ မသင်္ကာတဲ့ လူစိမ်းတွေ လာ တာရှိဖူးပါလား။
အခင်းမဖြစ်ခင် နှစ်ရက်၊ သုံးရက်လောက်က ဆံရှည်တစ် ယောက်ပါတယ်။ လူသုံးယောက် လာတယ်။ ဓာတ်ပုံရိုက်ထား တယ်။ သူတို့ကို ချယ်ရီ့ဖုန်းထဲမှာ ရှိတယ်။ နင်တို့ မဒေါက်သွားတာ ငါတစ်ယောက်တည်း ကြောက် လိုက်တာဆိုပြီးတော့ ဓာတ်ပုံတွေ ပြတယ်။ သူတို့က ဒီရပ်ကွက်ထဲ ကလည်း မဟုတ်ဘူး။ ဒီမှာ မြင် ဖူးတဲ့ လူတွေလည်း မဟုတ်ဘူး။ နှစ်ယောက်က ပထမတစ်ပတ်က ဓာတ်ပုံလေးတွေ ကြည့်ကြည့်စမ်း အမေဆိုတော့ အလယ်က ဆံရှည်ဆိုတာ မပါဘူး။ ဘေးနှစ်ယောက် တော့ တွေ့တယ်။ အဲဒီလူတွေ ဓာတ်ပုံရိုက်သွားတာ သမီးတို့ အိမ်ကို။ မင်းတို့ ဘာလာလုပ်တာလဲ ဆိုပြီး ဓာတ်ပုံရိုက်ထားတာလို့ သမီးက ပြောတယ်။ အန်တီက တောင် မင်းတို့ သတိထားလို့ ဘာ များဖြစ်တာလဲ မသိဘူးလို့ အိမ် ကို သူစိမ်းတွေလာနေတယ်။ ပထမဆုံးနှစ်ယောက်လာတယ်။ နောက်တစ်ပတ်လောက်ခြားတဲ့အချိန်မှာ နောက်သုံးယောက်လာတယ်။ နှစ်ယောက်က အတူတူပဲ။ ဆံရှည်နဲ့ တစ်ယောက် ထပ်ပါလာတာ အန် တီမြင်တယ်။
သေဆုံးသူ ကိုစိုးနောင်အလုပ် မကောင်းလို့ အလုပ်ပြောင်းလုပ် ဖို့ ရှိတယ်ဆိုတာ ဟုတ်လား အန် တီ။
သူတို့ အလုပ်လုပ်တာကို အန်တီက ဝင်ကိုမရှုပ်တာ။ အန် တီ့မြေးနှစ်ယောက်ကလွဲရင် ကျန် တဲ့ကိစ္စတွေမှာ ဝင်မပါပါဘူး။ သူ့ အရင် တပ်ရင်းမှူးဆီမှာ အလုပ် တောင်းတာရတယ် ပြောပါတယ်။ တစ်လလေးသိန်းရမယ် ပြော တယ်။ ဒီလကုန်အလုပ်စဆင်းရ မယ်လို့ သိရတယ်။ သူ့ကို သူ့ ဆရာက သေမယ်မှန်းသိလို့လား မသိဘူး။ နာရီလေးတောင် လက် ဆောင်ပေးလိုက်ပါသေးတယ်။
ကိုစိုးနောင်က ရဲလုပ်တုန်းက ဘယ်လိုအလုပ်ထွက်လိုက်တာ လဲ။
အရင်ဆုံး အင်းစိန်မှာ နယ် ထိန်းလုပ်တယ်။ နယ်ထိန်းကနေ စာမေးပွဲအောင်တော့ ဒုရဲအုပ်ဖြစ် ပြီး အခုတပ်ရင်း (၈)ကို ပြောင်း လာတယ်။ အမြန်လမ်း အမှတ် (၃) လမ်းမကြီးမှာ တာဝန်ကျတယ်။ ၂၀၁၄ လောက်မှာ ရဲမလုပ်ချင်ဘူး ထွက်မယ်ပြောတော့ တား ပါသေးတယ်။ မိန်းမဖြစ်သူက တောင် လက်မှတ်မထိုးပေးဘူး။ သူကတော့ ကျန်းမာရေးအရ မော တယ်ဆိုပြီး အလုပ်ထွက်လိုက် တာပါ။ ကျန်တာတော့ နာမည် ပျက်မရှိပါဘူး။ ကျန်းမာရေးလည်း ကောင်းပါတယ်။
မချယ်ရီမြင့်ကလည်း ကျောင်း တက်နေတယ်လို့ သိရပါတယ် ဟုတ်ပါသလား။
သမီးက ကျောင်းတက်နေ တာ နောက်ဆုံးနှစ် (ဓာတုဗေဒ) အဝေးသင်တက်နေတာပါ။ သူ ဆုံးမှန်းသိလို့ ဆရာတွေလည်း အိမ်လာပြီး ကူညီမှုတွေ ပေးပါ တယ်။ သေတဲ့နေ့ကလည်း သမီး ထမင်းထချက်တုန်း မြင်ပြီးများ သတ်သလားတော့ မပြောတတ် ပါဘူး။
အိမ်လုံခြုံရေးအနေအထားအရ လုံခြုံမှုရှိပါသလား။
အိမ်မှာကတော့ တံခါးတွေ အကုန်လုံး ချက်ချပြီး အိပ်တာ လုံခြုံပါတယ်။ အန်တီ့အခန်းက တော့ တီဗီအင်တာနာတပ်ထား လို့ တံခါးက အသေပိတ်လို့မရ ဘူး။ စေ့ထားလို့ပဲရတယ်။ ကျန် တဲ့တံခါးတွေ အကုန်လုံးကတော့ ပိတ်လို့ရတယ်။ နေ့တိုင်းလည်း ပိတ်ထားပါတယ်။
ရဲတပ်ဖွဲ့က ဒီအမှုနဲ့ပတ်သက်ပြီး ဘာပြောသေးလဲ။
သူတို့ကတော့ ဒီနေ့အထိ ဘာမှတော့ လာမပြောပါဘူး။ ကျန်တဲ့အဖွဲ့ကသူတွေလည်း လာပြီးမေးမြန်းတာတွေ၊ အားပေးတာ တွေတော့ ရှိပါတယ်။ လောလော ဆယ်တော့ အိမ်က တယ်လီဖုန်း ငါးလုံးကို သိမ်းပြီး စစ်ဆေးနေ တယ်။ ဖုန်းထဲမှာတော့ ချယ်ရီပွင့် ရိုက်ထားတဲ့ ဓာတ်ပုံတွေရှိပါ တယ်။
အန်တီ့အနေနဲ့ နောက်ဆုံးဘာ များပြောချင်ပါလဲ။
အန်တီ ဘာမှမလိုချင်ပါဘူး။ အန်တီ့မြေးလေးတွေနဲ့ အန်တီ့ သမီး၊ သား သူတို့မိသားစုလေးပဲ လိုချင်တယ်။ သက်ဆိုင်ရာလူကြီး တွေကလည်း ဒီလိုလုပ်တဲ့သူကို အမြန်ဆုံး ဖော်ထုတ်ပေးပါ။ အခုလို မိသားတစ်စုလုံးကို ဘာ ကြောင့် ရက်ရက်စက်စက်သတ် သွားရတာလဲဆိုတာ သိချင်ပါ တယ်။
ကျေးဇူးတင်ပါတယ်။
Credit: 7daydaily
http://www.7daydaily.com/story/73538
ဓာတ်ပုံ-Myat Thiha Maung
ယခုရက်ပိုင်းအတွင်း လူအများ အထိတ်တလန့်ဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံမြို့နယ်မှ လေးလောင်း ပြိုင်လူသတ်မှုဖြစ်စဉ်တွင် အခင်း ဖြစ်ပွားသည့် နေအိမ်မှ အသက် ရှင်ကျန်ရစ်ခဲ့သည့် သေဆုံးသူ ဦးစိုးနောင်၏ ယောက္ခမ ဒေါ်ရီရီနွဲ့က ယနေ့သင်္ဂြိုဟ်သည့်နေ့ တွင် ၎င်းတို့၏ နေအိမ်၌ သတင်းထောက်များအား ဖြေကြားမှုများကို ထုတ်နုတ်ဖော်ပြလိုက်ပါ သည်။လက်ရှိ ဒီနေအိမ်ကို သူစိမ်းတွေ ဝင်ထွက်သွားလာဖူးပါလား အန်တီ။