တရုတ်ဟက်ကာများက ဗီယက်နမ်၏ အကြီးဆုံးလေဆိပ်ကြီးနှစ်ခုမှ Computer Screen များနှင့် အသံစနစ်များကို တိုက်ခိုက်ဖျက်ဆီး


***************************************
တောင်တရုတ်ပင်လယ်အတွင်း ဗီယက်နမ်၏နယ်မြေတောင်းဆိုမှုများကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် တရုတ်ဟက်ကာများက ဗီယက်နမ်နိုင်ငံ၏
အကြီးဆုံးလေဆိပ်ကြီးနှစ်ခုမှ Computer Screen များကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။ ဟနွိုင်းမြို့နှင့်ဟိုချီ မင်းမြို့ကြီးများရှိ လေဆိပ်များမှ Computer Screen များသည် ဗီယက်နမ်နှင့် ဖိလစ်ပိုင်ကို ဆန့်ကျင်တိုက်ခိုက်သည့်စကားလုံးများကိုသာ ထုတ်လွှင့်နေခဲ့သည်။ ဗီယက်နမ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက တရုတ်ဟက်ကာများ၏လက်ချက်ဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပြီး ဗီယက်နမ်လေကြောင်းလိုင်း၏၀က်ဘ်ဆိုက်မှာလည်း ခေတ္တပြတ်တောက်မှုဖြစ် ပွားခဲ့သည်။ လေဆိပ်ဝန်ထမ်းများမှာ ခရီးသည်များကိုလေယာဉ်ပေါ်တင်နိုင်ရန် စစ်ဆေးရေးလုပ်ငန်းများတွင် ကွန်ပျူတာအကူအညီမပါဘဲ နာရီပေါင်းများစွာအချိန်ယူလုပ်ဆောင်ခဲ့ရသည်။ တရုတ်ခရီးသွား တစ်ဦး၏နိုင်ငံကူးလက်မှတ်ပေါ်၌ F--k ဟု ရေးသားပေးလိုက်သည်ဆိုပြီး ယင်းနှင့်ပတ် သက်၍လည်း တရုတ်က ဗီယက်နမ်ကို စုံစမ်းစစ်ဆေးပေးရန်
တောင်းဆိုထားကာ တင်းမာမှုများ ပြင်းထန်လျက်ရှိသည်။ ဟိုချီမင်းမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးက ၎င်းအပြုအမူသည် အရှက်ရဖွယ်ရာကောင်းသော အပြုအမူဖြစ်ပြီး တရုတ်နိုင်ငံနှင့် နိုင်ငံသားများ၏ဂုဏ်သိက္ခာကို ထိခိုက်စေ သည်ဟုဆိုခဲ့ကြောင်း သိရသည်။

#မေဇွန်(BBC,1.8.16)
Pyi Myanmar
Powered by Blogger.