MTV ရိုက်ကွင်းမှ နန်းခင်ဇေယျာရဲ့ ဓာတ်ပုံများ
"Nanstop" အခွေကို MTV အဖြစ် ပုံဖော်နေပြီ ဖြစ်ပါတယ်။

နန်းခင်ဇေယျာကတော့ "Nanstop" အခွေကို အချိန်ယူရိုက်ကူးနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီသီချင်းခွေကို ဒီနှစ်မကုန်ခင် ထွက်နိုင်ဖို့ ကြိုးစားနေသလို လက်ရှိအချိန် ရိုက်ကူးပြီး သီချင်း ခြောက်ပုဒ်လောက် ရှိပြီလို့ သိရပါတယ်။

သြဂုတ်လ(၂၂)ရက်နေ့ကလည်း သရုပ်ဆောင် ထွန်းထွန်း၊ နန်းစန္ဒာလှထွန်းတို့နဲ့အတူ "မပက်သက်ပါနဲ့"သီချင်းကို ပုံဖော်ရိုက်ကူးနေတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးထားပါတယ်။
သီချင်းတွေအတွက် အချိန်ပေးရင် ပရဟိတအလုပ်တွေကိုလည်း လိုအပ်တဲ့နေရာတွေမှာ လိုအပ်သလို ပါဝင်ကူညီနေတာကိုလည်း တွေ့ရပါတယ်။
Photo : နန်းခင်ဇေယျာ ဖေ့စ်ဘွတ်
Credit: Duwun