သူကလည်းငွေကြေးကြောင့်လက်ထပ်ခဲ့တာမဟုတ်သလို ကျနော်ကလည်း စပွန်ဆာပေးခဲ့တာ မဟုတ်ပါဘူး

m1JzH.jpgကျွန်မမှာ အကျင့်တစ်ခုရှိတယ်။ ကောင်းတယ်လို့
ပြောလို့ရသလို ဆိုးတယ်လို့လည်း ပြောလို့ရပါတယ်။
အဲ့ဒါက အနုပညာရှင်တစ်ယောက်နဲ့ အပြင်လူ
တစ်ယောက်တစ်ခုခုဖြစ်ခဲ့ရင် (ပရိသတ်ကိုလည်း မဖြစ်မနေချပြ
ရမယ့်တာဝန်လည်းရှိတဲ့အတွက်) အနုပညာရှင်ဘက်က မှန်ခဲ့ရင်
အသေအချာနဲ့ အကျယ်တ၀င့်ဝမ်းသာအားရ
တင်ပြရေးသားလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့
သူတို့တွေက လူအများရဲ့ Idol တွေ ဖြစ်နေကြလို့ပါ။

အနုပညာရှင်ဘက်က မှားခဲ့ရင်တောင် အနုပညာရှင်ရဲ့
ဖြေရှင်းချက်တစ်နည်းအားဖြင့် အကြောင်းပြချက်တွေကို
ပရိသတ်တွေ စိတ်ချမ်းသာအောင် ရေးပေးလေ့ရှိသူပါ။
(မှတ်ချက် - အမှားကိုတော့ ဘယ်တော့မှ ဖားယားပြီး
ရေးလေ့မရှိတာတော့ ရဲရဲကြီးအာမခံပါတယ်) အခုလည်း
ပထမဆုံးအနေနဲ့ နီနီခင်ဇော်ရဲ့ အပြောနဲ့ ဖြေရှင်းချက်တွေကိုပဲ
တင်ပြဖို့ ကျွန်မကြိုးစားခဲ့ပါတယ်။ အခါခါဆက်သွယ်မှုနဲ့
နောက်ဆုံးမှာ အဆင်မပြေဘူးဆိုတဲ့ အဖြေရမှ တစ်ဘက်ကို
မဖြစ်မနေဆက်သွယ်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကတော့ စာဖတ်ပရိသတ်အပေါ် ကျွန်မတာဝန်ကျေချင်လို့ပါ။

ဒီအင်တာဗျူးအပေါ် ကျွန်မ ဘာမှတ်ချက်မှ မပေးချင်ပါဘူး။
ဒါက သူတို့နှစ်ဦးရဲ့ ပုဂ္ဂလိကပြဿနာတစ်ခုပါ။
စာဖတ်ပရိသတ်တွေအနေနဲ့လည်း ပြဿနာတစ်ခုကို
အသေးစိတ်သိရတယ်လို့ပဲ သဘောထားပေးပါ။ မည်သူမှန်တယ်၊
မှားတယ်ဆိုတာ ကာယကံရှင်တွေသာ အသိဆုံးမို့
ကျွန်မတို့ ဘာမှတ်ချက်မှမပေးဘဲ ဖတ်ကြည့်စေချင်ပါတယ်။
ဒီအင်တာဗျူးမှာလည်း တချို့သော အသေးစိတ်ဖြေကြားမှုတွေနဲ့
လက်ထပ်စာချုပ်၊ ကွာရှင်းစာချုပ်၊ မှတ်ပုံတင်မိတ်္တူတွေကို မဖော်ပြဘဲ
ချန်လှပ်ထားခဲ့ပါတယ်။ ဒါကို ကာယကံရှင်တွေဖြစ်တဲ့ ဦးမျိုးမြင့်သိန်းနဲ့
နီနီခင်ဇော်တို့က ကျွန်မအပေါ် နားလည်နိုင်ပါစေလို့ပဲ ပြောပါရစေ။

ဂျူလိုင်မိုး(အိုအေစစ်ဂျာနယ်)
မနက်ဖြန်ထွက်မည့် အိုအေစစ်ဂျာနယ်တွင်
အင်တာဗျူးအစအဆုံး တင်ပြထားပါသည်။
Powered by Blogger.