အိမ်အကူမိန်းကလေးများကို နှိပ်စက်ခဲ့သူများကို လူကုန်ကူးဥပဒေ ပုဒ်မများဖြင့် အမှူဖွင့် 

yRWaf.jpg====================================
၂၃..၉..၁၆
-
ကျောက်တံတားမြို့နယ်၊ လမ်း ၄၀ အတွင်းရှိ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူမိန်းကလေးနှစ်ဦးကို ညှင်းပန်းနှိပ်စက်ခဲ့သူများအား လူကုန်ကူးမှု
တားဆီးကာကွယ်ရေးဥပဒေပုဒ်မများဖြင့် ယနေ့ (စက်တင်ဘာ ၂၃ ရက်)က တရားစွဲဆိုတင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။ yRof1.jpgအိမ်အကူမိန်းကလေးနှစ်ဦးအားနှိပ်စက်ခဲ့သည့် ဒေါ်တင်သူဇာ၊ တင်မင်းလတ်(ခေါ်)ဖိုက်ဇဲ၊ မဆုမွန်လတ်၊ ဦးကိုလတ်(ခေါ်)မိုဟာမက်ရှဖီးလ်၊ ရာဇာထွန်းနှင့် မသီရိလတ်တို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄၊ ၂၉၊ ၃၂ တို့ဖြင့် အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆို
ခဲ့ခြင်းဖြစ်သည်။ yU115.jpgအဆိုပါအမှုကို အနောက်ပိုင်ခရိုင်တရားသူကြီးက တာဝန်ယူစစ်ဆေး
မည်ဖြစ်ပြီး တရားစွဲဆိုခံထားရသူ ငါး ဦးအနက် မသီရိလတ်ဆိုသူမှာ ထွက်ပြေးလွတ်မြောက်နေသဖြင့် တရားခံပြေးအမှုဖြင့် သီးခြားတရား
စွဲဆိုတင်ပို့ ထားကြောင်း အနောက်ပိုင်းခရိုင်တရားရုံးကသိရသည်။ yUsRI.jpgထွက်ပြေးလွတ်မြောက်နေသည့် မသီရီလတ်ကို လူကုန်ကူးမှုတားဆီး
ကာကွယ်ရေးဥပေဒပုဒ်မများအပြင် ရာဇ ဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်တရားစွဲဆိုထားခြင်းဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်ရုံးချိန်းတွင် ထွက်ပြေးနေသူ နှင့် ပတ်သက်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးက တာဝန်ရှိသူတစ်ဦးကဆို သည်။
===========
7Day News Journal
Powered by Blogger.