ဇင်းကျိုက်ရေတံခွန်တွင်ခြောက်တန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး


================

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်ရေတံခွန်အပန်းဖြေစခန်း တွင် ဇူလိုင် ၁၉ ရက်၊ နေ့လယ်ပိုင်းတွင် ခြောက်တန်းကျောင်းသားတစ်ဦး ရေ နစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇင်းကျိုက်ရေတံခွန်အပန်းဖြေစခန်းတွင် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ မကြာခဏဖြစ်ပွားသောကြောင့် အခါကြီးရက်ကြီးဖြစ်သည့် ဇူလိုင် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် လုံခြုံရေးတိုးမြှင့်ချထားစဉ်မှာပင် ယင်းကဲ့သို့ဖြစ် ပွား ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"ကျွန်တော်တို့အဖွဲ့က ကလေးတစ်ဦးရေနစ်တယ်လို့အကြောင်းကြားလို့ ချက်ချင်းဆင်းကယ်တာ။ ဒါပေမဲ့ အ ကြောင်းကြားတဲ့အချိန်ကနောက်ကျတော့ ကလေးကတော့ အသက်ဆုံးသွားတယ်။ လုံခြုံရေးတွေ အပြည့်ချ ထားတဲ့ ကြားကဖြစ်သွားရတာ စိတ်မကောင်းပါဘူး။''ဟု ပေါင်မြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူက ပြောသည်။

 ဖြစ်စဉ်တွင် မောင်လင်းပြည့်ဖြိုး(၁၂)နှစ်(ဘ)ဦးဝင်းနိုင်၊ ဇေယျာချမ်းမြေ့ ရပ်၊ ရွှေမြိုင်သီရီရပ်ကွက်၊ မော်လမြိုင် မြို့နေသူမှာ သူငယ်ချင်းများနှင့်အတူ အနက်(၁၀)ပေ၊ အကျယ်ပေ(၃၀)ခန့်ရှိ ဇင်းကျိုက်ရေတံခွန် အများ သုံး ရေကူး ကန်တွင် ရေကူးနေစဉ် ရုတ်တရက်ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သတ်၍ ပေါင်မြို့မရဲစခန်းမှ သေမှုသေခင်း (ပ)၂၃/၂၀၁၆ ဖြင့် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Credit>>> ရတနာပုံ သတင်းစာ
Powered by Blogger.