အာမေးနီးယားမြို့တော်က ရဲစခန်းကို သေနတ်သမားများ စီးနင်း



အာမေးနီးယား မြို့တော် Yerevan မှာ သေနတ်သမားတစုက ရဲစခန်းကို ၀င်ရောက်သိမ်းပိုက်ခဲ့ပြီး၊ ရဲအရာရှိ ၇ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရပါတယ်၊ ရဲအရာရှိတဦးကိုတော့ အကြမ်းဖက်သမားတွေက သတ်ဖြတ်ခဲ့ပြီး၊ လတ်တလောမှာ အာမေးနီးယား အထူးတပ်ဖွဲ့ရဲ့ ကြိုးပမ်းမှုကြောင့် ဓားစာခံ ၂ဦးကတော့ လွတ်မြောက်လာခဲ့ပြီလို့ သိရပါတယ်။

သေနတ်သမားတွေရဲ့ တောင်းဆိုချက်ကတော့ အာမေးနီးယန်း ကယ်တင်ရေးတပ်ဦးသစ် တည်ထောင်သူ Jirair Sefilian ကိုလွှတ်ပေးဖို့တောင်းဆိုထားပါတယ်။ 
Jirair Sefilian ဟာ ၁၉၈၈ မှ ၁၉၉၄ ခုနှစ်အထိ အဇာဘိုင်ဂျန်နိုင်ငံနှင့် အာမေးနီးယားအကြားဖြစ်ပွားခဲ့တဲ့ နာဂေါ်နို ကာရာဘက်ခ် ပဋိပက္ခမှာ တရားမ၀င်လက်နက်ကိုင်တပ်များဖွဲ့စည်းမှုနဲ့ စွပ်စွဲကာ ဖမ်းဆီးခံထား ရသူဖြစ်ပါတယ်။

သေနတ်သမားတို့ရဲ့ စီးနင်းခံထားရတဲ့ ရဲစခန်းနားက ပြည်သူများကို ဘေးလွှတ် ရာကို ရွေ့ပြောင်းပေး ထားတယ်လို့ သိရပါတယ်။

ဧရာဝတီ
Powered by Blogger.