အိမ်အကူမိန်းကလေးကို အဓမ္မပြုကျင့်မှုမှ ကျူးလွန်သူကို ပုဒ်မသုံးခုဖြင့် စွဲချက်တင်


****************************************
ဒဂုံမြို့နယ်ရှိ နေအိမ် တစ်အိမ်တွင် အသက် (၁၂)နှစ်အ ရွယ် အိမ်အကူမိန်းကလေးအားအိမ်ရှင်၏သားနှစ်ဦးက အဓမ္မပြု ကျင့်ခဲ့မှု၌ ပြစ်မှုကျူးလွန်သူကို အဓမ္မပြုကျင့်မှု၊ နာကျင်စေမှု၊ ညစ်ညမ်းပုံပြသမှု ပုဒ်မများဖြင့် ဇူလိုင် ၁၅ ရက်က စွဲချက်တင် အမိန့်ချခဲ့ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးမှ သတင်းရရှိ သည်။

ပြစ်မှုအတွက် စွပ်စွဲခံရသူ ရဲထက်အား မုဒိမ်းမှုပုဒ်မ ၃၇၆၊ နာကျင်စေမှုပုဒ်မ ၃၂၃၊ ညစ်ညမ်းပုံပြသမှု ပုဒ်မ ၂၉၄ စသည့် ပုဒ်မ သုံးခုဖြင့် စွဲချက်တင်ခဲ့သည့်အပြင် ရဲထက်၏ဖခင်ကိုလည်း နာကျင် စေမှု ပုဒ်မ ၃၂၃ ဖြင့် စွဲချက်တင်ခဲ့ ကြောင်း ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှ သိရသည်။

 ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးရှိ တွဲဖက်ခရိုင်တရားသူ ကြီး (၄)က အမှုကို တာဝန်ယူစစ် ဆေးနေပြီး တရားလိုနှင့် အဓမ္မပြု ကျင့်ခံခဲ့ရသည့် မိန်းကလေးအပါ အဝင် တရားလိုပြသက်သေ ၁၀ ဦးခန့်ကို စစ်ဆေးကာ စွဲချက်တင် အမိန့်ချခဲ့ခြင်းဖြစ်သည်။

အဓမ္မပြုကျင့်မှုတွင် ပါဝင်ခဲ့ သည်ဟု စွပ်စွဲခံထားရသူ အသက် မပြည့်သေးသည့် ရဲထက်၏ ညီကိုလည်း ကလေးသူငယ်တရားရုံး တွင် စစ်ဆေးနေသည်ဟု ဆို သည်။

၂၀၁၅ နိုဝင်ဘာတွင် ပြည်ထောင်စုရိပ်သာဝင်းရှိ နေအိမ်၌ အိမ်အကူမိန်းကလေးအား အိမ် ရှင်၏ သားနှစ်ဦးဖြစ်သော ရဲထက်နှင့် စွမ်းထက်တို့က မဖွယ်မရာ ဇာတ်ကားများပြသကာ သား မယားပြုကျင့်ခဲ့ကြကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြချက်များအရ သိရသည်။

အိမ်အကူမိန်းကလေးမှာ နှိပ်စက်ခံထားရသည့်အပြင် အဓမ္မပြုကျင့်ခံထားရခြင်းကို စတင်သိရှိခဲ့၍ ရတနာမေတ္တာ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်စန်းစန်းဝင်းက ဒဂုံမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ် သည်။

By - ဖြိုးဝေလင်း
7Day
Powered by Blogger.