ဂရိကိုထွက်ပြေးလာတဲ့ တူရကီစစ်သား(၈)ဦး တရားစီရင်ခံရ


**************************************
မအောင်မြင်တဲ့အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဂရိကိုစစ်ဘက်ရဟတ်ယာဉ်တစ်စီးနဲ့ထွက်ပြေးလာတဲ့တူရကီစစ်သား(၈)ဦးကိုဂရိတရားရုံးမှာတရားစီရင်မယ်လို့ Anadolu(အန်နာဒိုလူ)သတင်းအေဂျင်စီက ဇူလိုင်လ(၁၇)ရက်နေ့မှာပြောပါတယ်။ သူတို့ဟာဂရိနိုင်ငံတွင်းကိုတရားမ၀င် ၀င်ရောက်လာမှု၊ဂရိနဲ့တူရကီ
အကြားဆက်ဆံရေးထိခိုက်ယိုယွင်းစေမှုတိုနဲ့စွဲချက်တင်ခံရမှာဖြစ်တယ်လို့စစ်သားတွေရဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ Lia Marinaki (လီယာမာရီနာကီ) က ပြောပါတယ်။ ဒီတူရကီစစ်သားတွေကိုအစိုးရရှေ့နေနဲ့တွေ့ဆုံစေမှာဖြစ်ပြီးဇူလိုင်လ(၁၇)ရက်နေ့မှာရုံးထုတ်ဖို့စီစဉ်ခဲ့ပါတယ်။ 

သူတို့အသုံးပြုခဲ့တဲ့ Black Hawk (ဘလက်ခ်ဟော့ခ်)ရဟတ်ယာဉ်ဟာ တူရကီသို့ပြန်သွားပြီဖြစ်တယ်လို့ စင်ဟွာ
သတင်းမှာဖော်ပြထားပါတယ်။
 CNB
Powered by Blogger.