ကဗျာဘွဲ့မှူးကို ငွေ ကျပ်သိန်း ၁,၃၀၀ စီ လိမ်လည်မှုဖြင့် အမှုဖွင့်


အဆိုတော်မေခလာ၊ ဆုန် သင်းပါရ်၊ L ဆိုင်းဇီ၊ ဘိုဖြူ ၊ကော်နီ၊ စင်ဒီ၊ အံ့မော်ဦး၊ ဒီဖြိုး၊ ခရစ္စတိုဖာ၊ စောအယ်လ်ခူ၊ ကျော်နေဝင်း၊ ချစ်စမ်းမောင်နှင့် ဒေါ်စန်းစန်းထွေးတို့ထံမှ စုစုပေါင်းငွေ ကျပ် ၁၁,၈၁၆ သိန်းအား လိမ်လည်သွားခဲ့ခြင်းဖြစ်ကြောင်း

တေးသံရှင် ကဗျာဘွဲ့ မှူးနှင့် ခင်ပွန်းတို့သည် စက်သုံးဆီ လုပ်ငန်းလုပ်ကိုင်နေသည်ဟု အ ကြောင်းပြကာ တစ်ဦးလျှင် ငွေ ကျပ်သိန်း ၁,၃၀၀ စီ လိမ်လည်ယူ ဆောင်သွားသဖြင့် အဆိုတော် ဆုန်သင်းပါရ်နှင့် ဒေါ်စန်းစန်းထွေးတို့က သြဂုတ် ၆ ရက်၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

မရမ်းကုန်းမြို့နယ်နေ တေး သံရှင်ဆုန်သင်းပါရ်သည် YMCA ရှိ HWC ဘုရားကျောင်းတွင် ခရစ်ယာန် ဓမ္မသီချင်းသီဆိုရာမှ အဆိုတော် ကဗျာဘွဲ့မှူးတို့ လင်မယား နှင့်တွေ့ဆုံစဉ် ကဗျာဘွဲ့မှူးက ၎င်းတို့ ZTH စက်သုံးဆီလုပ်ငန်းလုပ်ကိုင်နေကြောင်း၊ စက်သုံးဆီဆိုင်ချဲ့ထွင်ရန် ဆောင်ရွက်ထား သဖြင့် အစုရှယ်ယာ ပါဝင်နိုင် ကြောင်း စတင်ပြောဆိုခဲ့ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ သိရ သည်။

ZTH စက်သုံးဆီလုပ်ငန်း တွင် ပါဝင်ထားသည့် အစုရှယ်ယာများကို သက်တမ်းခြောက်လသာ လက်ခံမည်ဖြစ်ပြီး ခြောက်လ ပြည့်ပါက အမြတ်ငွေနှင့်အရင်း ပါ ပြန်လည်ပေးအပ်မည်ဖြစ် ကြောင်း၊ အစုရှယ်ယာတစ်စုလျှင် ကျပ်သိန်း ၅၁၀ သတ်မှတ်ထား ပြီး လူရင်းများဖြစ်၍ ရှယ်ယာကို လက်ခံခြင်းဖြစ်သည်ဟု ယုံကြည် အောင်ပြောကြားခဲ့ကြောင်း ရဲစခန်း တိုင်ချက်အရသိရသည်။

တေးသံရှင် ဆုန်သင်းပါရ် သည် အစ်ကိုဖြစ်သူနှင့်အတူ ၂၀၁၅ နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း တက္ကသိုလ်ရိပ်သာလမ်းရှိ Fuji Coffee House ဆိုင်တွင် တွေ့ဆုံကာ ငွေကျပ်သိန်း ၁,၃၀၀ အား သုံးကြိမ်ခွဲ၍ စာချုပ်ချုပ်ဆိုပေးအပ်ခဲ့ကြောင်း ကမာရွတ်ရဲစခန်းမှ သိရသည်။

ထို့နောက် အဆိုတော် ဆုန် သင်းပါရ်သည် ၂၀၁၆ ဧပြီ ၂၃ ရက်တွင် ကဗျာဘွဲ့မှူးနှင့် ဖုန်းအ ဆက်အသွယ်ရပြီး ရှယ်ယာငွေ ကြေးများ ပြန်လည်ပေးအပ်ရန် ကိစ္စပြောဆိုရာ အစိုးရအပြောင်း အလဲကာလ ဖြစ်သောကြောင့် လုပ်ငန်းများ ရပ်တန့်နေ၍ ငွေ တစ်ရစ်ပြန်လည်ပေးအပ်မည်ဟု ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် အဆက်အသွယ်ပြတ် တောက်ခဲ့ကြောင်း သိရသည်။
အလားတူ အဆိုတော်ကဗျာ ဘွဲ့မှူးသည် သူငယ်ချင်းဖြစ်သူ ဒေါ်စန်းစန်းထွေးထံတွင်လည်း ZTH စက်သုံးဆီလုပ်ငန်းကို ပဲခူး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ကိုင်ရန် အရေးကြီးငွေလိုနေသဖြင့် ကူညီရန်ပြောသဖြင့် ဇန်နဝါရီ ၁၄ ရက်က ငွေကျပ်သိန်း ပေါင်း ၁,၃၀၀ ကို သက်သေများ ရှေ့တွင် ပေးအပ်ခဲ့ကြောင်း၊ ထို့နောက် ဧပြီ ၁ ရက်တွင် ဒေါ်စန်းစန်းထွေးက ကူညီထားသည့်ငွေကို ပြန်လည်တောင်းခံရာ AGD ဘဏ် ချက်လက်မှတ်ငါးခုတွင် စုစုပေါင်းငွေ ကျပ်သိန်း ၁,၂၉၀ ကျော် ထုတ်ယူရန် ရေးသားပေးခဲ့သော်လည်း ဘဏ်ငွေစုစာရင်း တွင် ငွေစုထားခြင်းမရှိကြောင်း အမှုဖွင့် တိုင်တန်းချက်များအရ သိရသည်။

ထို့နောက် ဒေါ်စန်းစန်းထွေးသည် ကဗျာဘွဲ့မှူး၏နေအိမ်သို့သွားရောက် ရှာဖွေခဲ့သော်လည်း ယနေ့အထိ တွေ့ရှိခြင်းမရှိသဖြင့် ကျပ်သိန်း ၁,၃၀၀ အား လိမ်လည် ယူဆောင်ခဲ့မှုဖြင့် ကမာရွတ်ရဲစ ခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ကမာရွတ်ရဲစခန်းမှ သိရသည်။

ZTH စက်သုံးဆီလုပ်ငန်းကို အကြောင်းပြကာ အဆိုတော် ဆုန်သင်းပါရ်နှင့် ဒေါ်စန်းစန်းထွေးတို့ ထံမှ စုစုပေါင်းငွေကျပ် သိန်း ၂,၆၀၀ ကျော် လိမ်လည်ခဲ့သဖြင့် အဆိုတော်ကဗျာဘွဲ့မှူးနှင့် ခင်ပွန်း ဦးမျိုးမြင့်တို့ကို ကမာရွတ် မြို့မရဲစခန်းက လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။

တေးသံရှင် ကဗျာဘွဲ့မှူး သည် အဆိုတော်မေခလာ၊ ဆုန် သင်းပါရ်၊ L ဆိုင်းဇီ၊ ဘိုဖြူ၊ကော်နီ၊ စင်ဒီ၊ အံ့မော်ဦး၊ ဒီဖြိုး၊ ခရစ္စတိုဖာ၊ စောအယ်လ်ခူ၊ ကျော်နေဝင်း၊ ချစ်စမ်းမောင်နှင့် ဒေါ်စန်းစန်းထွေးတို့ထံမှ စုစုပေါင်းငွေ ကျပ် ၁၁,၈၁၆ သိန်းအား လိမ်လည်သွားခဲ့ခြင်းဖြစ်ကြောင်း ဇွန်လ ၇ ရက်က လိမ်လည်ခံရသူများ ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲမှ သိရသည်။

7day daily
Powered by Blogger.