အင်းမမြို့နယ်အတွင်းက မအူကန်ရွာဦးကျောင်းတွင် မီးအားမြှင့်စက်မှ ၀ါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား
****************************************
သဲကုန်း၊ဇူလိုင်၊၂၁
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်တွင် ဇူလိုင်(၂၁)ရက်နေ့က မအူကန်ကျေးရွာရှိ ပါဠိတောရ မအူကန် ရွာဦးကျောင်း မီးအားမြှင့်စက်မှ ဝါယာရှော့ဖြစ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ မအူကန်ကျေးရွာရှိ သီရိကန်သာရပ်ကွက်၊ပါဠိတောရ မအူကန် ရွာဦးကျောင်း တွင် ဇူလိုင်(၂၁)ရက်နေ့ နက်(၁၀)နာရီ(၃၀)အချိန်ခန့် မှစတင် ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပါဠိတောရ မအူကန်ရွာဦးကျောင်း (အလျား၂၀ပေ xအနံ ၅ ပေ)ကွန်ကရစ်(၁)ထပ် ၊သွပ်မိုးကျောင်းဆောင် ဘုရားခန်း အတွင်းရှိ မီး အားမြှင့်စက်မှ ဝါယာရှော့ဖြစ်ပြီး ၄င်းအောက်ရှိ သစ်သားခုံအား အပူလွန်ကဲေ လာင်ကျွမ်းခဲ့ရာ ၄င်းမှတဆင့် အပေါ် (၂)တောင် အကွာခန့်ရှိ မိန်းပလပ်ခုံ အား မီးကူးစက်လောင် ကျွမ်းခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် လူနှင့်သံဃာတော်များ ထိခိုက်မှုမရှိသော် လည်း ကျောင်း ဆောင်အတွင်းရှိ သစ်သားပလ္လင်(၂)လုံး၊ဗီဒို(၅)လုံး၊တီဗီ ၂၄ လက်မ(၁)လုံး၊မက် တပ်ပန်ကာ(၃)လုံး ၊ဘုရားကျောင်းဆောင် ခန်း(၁)ခန်း ၊ဝတ္တူငွေ(၈)သိန်း၊ကွန်ပျုတာ (၁)လုံး၊သင်္ကန်းမျိုးစုံ(၂၂)စုံ မီးလောင်ပျက် စီးခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးမှ(၁၇၅ ၀၀၀၀ိ/)ကျပ်ဖြစ်ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ပြည်ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးကျော်နှင့် တပ်ဖွဲ့ ဝင်များ၊သဲကုန်း မီးသတ်ဦးစီးမှူး ဦးဝေယံမြင့်နှင့်မီးသတ်တပ်ဖွဲ့ဝင် များ၊အင်းမအရန် မီးသတ်တပ်ဖွဲ့ဝင်များရွှေတောင် အရန်မီးသတ်တပ် ဖွဲ့ဝင်များ၊ ပုတီးကုန်းအရန်မီးသတ် တပ်ဖွဲ့ဝင်များ၊သဲကုန်းမြို့နယ်မှူးနှင့်မြန် မာနိုင်ငံ ရဲတပ်ဖွဲဝင်များ၊ခလရ(၈၀)မှ ဗိုလ်မှူး ထိန်လင်းနှင့်တပ်မတော် သားများ၊ပြည်သူများ စုပေါင်း၍ မီးသတ်ယာဉ်(၈)စီးဖြင့်ဝိုင်း ဝန်းမီးငြိမ်း သတ်ခဲ့ရာ ထိုနေ့ နံနက် ၁၁-နာရီအချိန်ခန့် တွင် အောင်မြင် စွာမီးငြိမ်း သတ်နိုင်ကြောင်း သိရသည်။
K3(pyay)
#Democracytoday
သတင်းဓာတ်ပုံ - K3