မြိတ်​မြို့နယ်​ အုပ်​ချုပ်​​ရေးမှူး မောင်းနှင်​လာ​သော ဌာနပိုင်​​ကား ဓားဖြင့်​ ခုတ်​ခံရ

mT4JY.jpg*********** 

 မြိတ်​မြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေး ဦးစီးဌာန (မြို့နယ်​ အုပ်​ချုပ်​​ရေးမှူး) ဦးခင်​​မောင်​​အေး နှင့်​ ဌာနဆိုင်​ရာ အကြီးအကဲ အချို့ လိုက်​ပါလာပြီး ဦးခင်​​မောင်​​အေး ကိုယ်​တိုင်​​ မောင်းနှင်​လာ​သော 5G - 7642 (ဌာနပိုင်​မော်​​တော်​ယာဉ်​)နှင့်​ မြိတ်​မြို့၊ အလယ်​ကျွန်းနယ်​​မြေ၊ မြစ်​မရပ်​မှ ​တော်ဝင်​ အမည်​ရှိသူ နှင့်​ သူငယ်​ချင်း တစ်​စု ​မောင်းနှင်​ လာ​သော အနက်​​ရောင်​ ​မော်​​တော်​ယာဉ်​ (၂)စီး သည်​ ၂၀၁၆ ခုနှစ်​၊ စက်​တင်​ဘာလ (၁၀)ရက်​​၊ နံနက်​ (၀၁၁၅) နာရီ အချိန်​၌ ကန်​​ခေါင်းရပ်​၊ စကားဝါ လမ်းဆုံရှိ မုန့်​ကုလားမဲ ဆိုင်​​ရှေ့ အ​ရောက်​​ဘေးချင်း ကပ်​လျက်​ ယှဉ်​​မောင်း လာစဉ်​ ​တော်​၀င်​တို့၏ ကားမှ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ၏ ကားအား ချိတ်​မိသလို ဖြစ်​ကာ အရှိန်​ပြင်းပြင်း​ မောင်းနှင်​ပြီး ​ကျော်​တက်​သွားခဲ့ ကြောင်း သိရပါတယ်။ 

ထိုသို့ ဖြစ်ပွားသဖြင့် မြို့နယ်​အုပ်​ချုပ်​​ရေးမှူးးမှ စည်းကမ်းမဲ့​ မောင်းနှင်​သွား​သော ​တော်​၀င်​တို့၏ ​မော်​​တော်​ယာဉ်​​နောက်​ အမှီလိုက်​ကာ ​ ​အော်​ဟစ်​ဆဲဆိုခဲ့ပြီး ထမင်းစားရန်​နှင့်​ကွမ်းယာ ၀ယ်​စားရန်​ အတွက်​ ကရာနီလမ်းဆုံ လဘက်​ရည်​ ဆိုင်​​ရှေ့ အ​ရောက်​၌ ​မော်​​တော်​ယာဉ်​အား ရပ်​နားထားစဉ်​ ​တော်​၀င်​ တို့၏ ​မော်​​တော်​ယာဉ်​မှ အရှိန်​ပြင်းစွာ ​မောင်းနှင်​လာပြီး ​တော်​၀င်​တို့၏ ကား​ပေါ်မှ လူတစ်​ဦး ထွက်​လာကာ ကင်​ဒို ဓားရှည်​ကို 
ကိုင်​လျက်​ ရပ်​နားထား​သော မြို့နယ်​ အုပ်​ချုပ်​​ရေးမှူး ၏ ​မော်​​တော်​ယာဉ်​ Body အား ၆ / ၇ ချက်​ ခန့်​ ခုတ်​ခဲ့ပြီး ၄င်းတို့၏ ​မော်​​တော်​ယာဉ်​​ပေါ် သို့ အလျင်​အမြန်​ တက်​၍ ဘုရားငါးဆူ​ကွင်းပြင်​အနီး၊ မြို့မ ​ဘောလုံးကွင်းဘက်​သို့ ထွက်​​ပြေး​မောင်​နှင်​သွားခဲ့​​ကြောင်း သိရပါတယ်။

ယင်းဖြစ်​စဉ်​နှင့်​ စပ်​လျဉ်း၍ မေးမြန်း စုံစမ်းချက်များ အရ မည်သည့် ရဲကင်း ရဲစခန်းတွင်မျှ တရားဝင် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားခြင်း မရှိကြောင်း သိရပါတယ်။

တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
ဓာတ်ပုံ - မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေး

https://m.facebook.com/myeik.secret.news/


Powered by Blogger.