ထိုင်းအစိုးရက အလိုရှိနေတဲ့ ဘုန်းကြီးလူထွက်တဦး ကို အမေရိကန် နိုင်ငံက ဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်
22July 2016
2013 ခုနှစ်က ထိုင်းနိုင်ငံ အထုစုံစမ်းစစ်ဆေးရေး အဖွဲ့  DSI က အလိုရှိနေသူ
ဘုန်းကြီးလူထွက် ၀ီရဘုန်း (လုံပိုနင်ခန်)အသက် (၃၇) နှစ် ကို အမေရိကန် နိုင်ငံအာဏာပိုင်တွေက
ဖမ်းဆီးထားကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ပို့ စ်သတင်းမှာဖေါ်ပြထားပါတယ်။
မူရင်း သတင်းလင့်
http://www.bangkokpost.com/news/general/1041789/fugitive-jet-setting-monk-nen-kham-arrested-in-us
လွန်ခဲ့တဲ့သုံးနှစ်က အဆိုပါ နိုင်ဝိရဖုန်း ဟာ ဘုန်းကြီးဘ၀နဲ့  လှူတမ်းလာတဲ့ ငွေတွေ ကို ကိုယ်ပိုင်ငွေကြေးအဖြစ် ထင်သလို သုံးစွဲနေတာ နံမည်ကျော်ခဲ့ပြီး ကွန်ပြူတာဥပဒေချိုးဖေါက်မှု-သက်ငယ်မိန်ခလေးများအား
မုဒိန်းကျင့်မှုအပြင် တရားမ၀င် ပစ္စည်းဥစ္စာများပိုင်ဆိုင်မှုတွေနဲ့  အမှုရင်ဆိုင်
နေရာက အမေရိကန် နိုင်ငံကို ထွက်ပြေးသွားခဲ့တာပါ။
လူအများကြည်ညိုမှုကို အလွဲသုံးစားလုပ်ပြီး ဘာသာရေး ကျောင်းတိုက်ပိုင်ငွေတွေကို ကိုယ်ပိုင်ဘဏ်စာအုပ်လေးဆယ်ကျော်ဖွင့်ပြီး (ဘတ်သန်းပေါင်း ၃၈၀) တဦးတည်းသုံးဖြုန်း နေခဲ့ရာမှာ ကားအစီးပေါင်း ၁၀၀ -နေအိမ်တိုက်ခန်းတွေ
ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
ကိုယ်ပိုင်ဂျက်လေဌားပြီး ကမ္ဘာပါတ်လယ်နေစဉ်မှာ အကောင်းစားဈေး အကြီးဆုံး ဇိမ်ခံပစ္စည်းတွေဝယ်ပြီး သုံးနေတာကို ထိုင်းသာသနာရေးဌာနက စစ်ဆေးတွေ့ ရှိခဲ့ပြီး စစ်ဆေးအရေးယူခဲ့ရပါတယ်။
အဆိုးဆုံးကတော့ အသက်(၁၅)နှစ်အောက် မိန်းလေးငယ်ကိုမုဒိန်း
ကျင့်တဲ့အမှုပါပေါ်လာခဲ့တာကြောင့် တရားမရင်ဆိုင်တော့ဘဲ ထွက်ပြေး
သွားခဲ့ပါတယ်။
အဆိုပါ တရားခံ ၀ီရဘုန်းကို အမေရိကန်တရားရုံးကနေ မကြာခင် ထိုင်းကို
ပြန်ပို့ မှာဖြစ်ကြောင်း ထိုင်းသတင်းတွေမှာရေးသားဖေါ်ပြနေပါတယ်။
SAW