ပီရူးနှင်းတောင်ပြိုပြီးနောက်တောင်တက်သမားသုံးဦးအလောင်းများကို ပြန်လည်တွေ့ရှိ
***************************************
ပီရူးအနောက်မြောက်ပိုင်း Ancash(အန်ကက်ရှ်)ဒေသရှိ Huascaran(ဟွာစကာရန်)တောင်ပေါ်မှာဇူလိုင်(၂၁)ရက်နေ့ မနက်ပိုင်းကတည်းကပျောက်ဆုံးသွားတဲ့တောင်တက်သမား(၃)ဦးရဲ့အလောင်းကိုဇူလိုင်လ(၂၂)ရက်နေ့မှာပြန်လည်တွေ့ရှိခဲ့ပါတယ်။မက္ကဆီကိုနိုင်ငံသား(၂)ဦးနဲ့ပီရူးနိုင်ငံသား(၁)ဦးဖြစ်တဲ့သေဆုံးသူတောင်တက်သမားတွေရဲ့ကိုယ်ရေးအချက်အလက်တွေကိုအတိအလင်းထုတ်ပြန်မှုမရှိသေးပါဘူး။ပီရူး၊မက္ကဆီကိုနဲ့စပိန်နိုင်ငံသားတွေဖွဲ့စည်းထားတဲ့တောင်တက်သမားအဖွဲ့ဟာဟွာစကာရန်တောင်ကတောင်ထိပ်နှစ်ခုထဲကတစ်ခုကိုတက်ရောက်ဖို့ကြိုးစားခဲ့ကြတာပါ။တောင်ရဲ့အမြင့်ဆုံးတောင်ထိပ်ဟာပင်လယ်ရေမျက်နှာပြင်အထက်(၆၇၆၈)မီတာရှိပါတယ်။နှင်းတောင်ပြိုကျမှုကြောင့်တောင်တက်သမားတွေဟာLa Garganta (လာဂါဂန်တာ)အမည်ရှိတဲ့တောင်ထိပ်နှစ်ခုကိုခွဲခြားထားတဲ့နက်ရှိုင်းတဲ့အက်ကွဲကြောင်းဆီကိုအမှတ်မထင်တရွတ်တိုက်ပါသွားခဲ့တာဖြစ်ပါတယ်။မက္ကဆီကိုနိုင်ငံသားတစ်ဦးကတော့အန္တရာယ်တွေကနေမထိမခိုက်ဘဲအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။စပိန်နိုင်ငံသားနှစ်ဦးနဲ့ပီရူးနိုင်ငံသားနှစ်ဦးကိုတော့ဆေးရုံတင်ထားရပြီး၊တစ်ချိန်ထဲမှာပဲနောက်ထပ်ပီရူးနိုင်ငံသားတစ်ဦးကတော့ပျောက်ဆုံးနေဆဲဖြစ်တယ်လို့စင်ဟွာသတင်းအရ သိရပါတယ်။
Translated by - Khaing Sandar Kyaw
CNB