ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာ အမှတ်၆၊ ထန်း၃ပင် ရပ်ကွက်တွင် ဇူလိုင်လ၂၄ရက်နေ့ ည၁၀နာရီခန့်က ဓားထိုးမှု ဖြစ်ပွားကြောင်း သတင်းရရှိ။
25.7.2016
ဘုရားကြီးနယ်မြေ ရဲစခန်းမှ စခန်းမှူးရဲအုပ် ချစ်ကြည်နှင့် အဖွဲ့မှ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ ရပ်ကွက်ဓမ္မာရုံတွင် ဦးစိုးအောင် အသက်(၅၅)နှစ် (ဘ)ဦးဖိုးသီး ဦးဆောင်၍ ဝါတွင်းဆွမ်းကပ်ရန် အစည်းအဝေး ပြုလုပ်ပြီး အိမ်သို့အပြန် ထန်း၃ပင်ရွာ လမ်း ဦးမောင်ရွှေ အိမ်ရှေ့အရောက် ယခင်က စကား များဖူးသူ ဘာဘူအသက်(၃၂)နှစ် (ဘ)ဦးဘုကြီး အမှတ် (၆) ထန်း(၃)ပင်ရပ်ကွက် နေသူမှ ဦးစိုးအောင်၏ ရင်ဝသို့
ဓားနှင့်ထိုးသဖြင့် ဦးစိုးအောင်က ၄င်း၏ယောက်ဖ ဖြစ်သူအား
" မောင်ငယ်ရေ ငါ့ကိုဘာဘူဓားနဲ့ထိုးသွားတယ်" ဟုအော်ဟစ်သဖြင့် အနီး ပတ်ဝန်းကျင်တွင် ရှိသူများ သွားရောက်ကြည့်ရှုရာ ဦးစိုးအောင်၏ ရင်ဝတွင် သွေးများ ထွက်လျက် လမ်းပေါ်တွင် လဲနေပီး ဘာဘူမှ " "ငါဓားနဲ့ထိုးတာရဲစခန်းသွား၍အဖမ်းခံမည်" ဟုပြောပီး ထွက်ပြေးသွားသည်။
ဦးစိုးအောင်၏ ဘေးတွင် လက်ကိုင်ကော်ရိုးတပ် မီးဖို ချောင်သုံး စတီးဓား(အရိုး/အသွား) ၉လက်မခန့် ဓား တစ်ချောင်း တွေ့ရှိရသည်။
ထို့ကြောင့်ဓားဖြင့်ထိုး၍ ထွက်ပြေးသွားသူ ဘာဘူအား အရေးယူပေးပါရန် ဦးမောင်ငယ်မှ တိုင်တန်းသဖြင့်
ဘုရားကြီး နယ်မြေရဲစခန်းမှ (ပ)၉၃/၂၀၁၆ ရာဇသက်ကြီး ပုဒ်မ ၃၂၆ အရ အရေးယူ ဖွင့်လှစ် ထားပြီး ဒါးနှင့်ထိုးကာ ထွက်ပြေးသွားသူ ဘာဘူအား အချိန်နှင့် တပြေးညီစုံစမ်း ရှာဖွေစဉ် ၂၅ရက်နေ့ နံနက် ၆နာရီ၂၀မိနစ် အချိန်၌ တောင်ဆပ်အင်း ကျေးရွာနေ ဦးမြင့်ရွှေ အသက် (၅၁)နှစ်(ဘ)ဦးထွန်းတင် ၏ နေအိမ် တွင်ဖမ်းဆီးရရှိခဲ့သည်။
ပဲခူးမြို့ဆေးရုံကြီးသို့တင်ပို့ကုသနေသော ဦးစိုးအောင် မှာ ဇူလိုင်လ၂၅ရက်နေ့မနက် ၇နာရီ ၃၀မိနစ်အချိန်တွင် သေဆုံးသွားကြောင်း သိရှိရသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂သို့ပြောင်းလဲ အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိသည်။
သီဟရာဇာ(ဘုရားကြီး)
မှုခင်းရှုထောင့်မီဒီယာအဖွဲ့
ဘုရားကြီးမြို့ရုံးခွဲ
#SueSue