မလေးရှား ထိန်းသိမ်းရေးစခန်း ၁၁ ခုမှ မြန်မာနိုင်ငံသား ၇ဝဝ ကို စင်းလုံးငှား လေယာဉ်ငါးစင်းဖြင့် မြန်မာအစိုးရ ပြန်ခေါ်မည်


ရန်ကုန်၊ ဇူလိုင် ၂၂

မလေးရှားထိန်းသိမ်းရေးစခန်း ၁၁ ခုမှ မြန်မာနိုင်ငံသားဟုအတည်ပြုပြီး နေရပ်ပြန်ရန်အခက်အခဲဖြစ်နေသူ ၇ဝဝ ကို စင်းလုံးငှားလေယာဉ်ငါးစင်းဖြင့် မြန်မာအစိုးရက ပြန်ခေါ်ယူရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးနောက် နိုင်ငံခြားသားများ ထိန်းသိမ်းရာ Pekan Nenas, Bukit Jalil, Melaka နှင့် Belantik အမည်ရှိ စခန်းများအပါအဝင် ထိန်းသိမ်းရေးစခန်း ၁၁ခုတွင် ထိန်းသိမ်းခံ ထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၇ဝဝ ကို စင်းလုံးငှားလေယာဉ်ငါးစင်းဖြင့် ယင်းကဲ့သို့ခေါ်ဆောင်ရန်စီစဉ် လျက်ရှိကြောင်းသိရသည်။

''မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာ အနေကြာထိန်းသိမ်း ခံထားရတဲ့ လေယာဉ်စရိတ်မတတ်နိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၇ဝဝကို စင်းလုံးငှားလေယာဉ်တွေနဲ့ သြဂုတ်လ ၃ရက်နေ့မှာစတင်ပြီး အမိမြေ သို့ ပြန်လည်ပို့ဆောင်သွားမှာဖြစ်ပါတယ်''ဟု မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၂ ရက်တွင်ပြောသည်။ ထိန်းသိမ်းရေးစခန်းများ ရှိ မြန်မာ နိုင်ငံသားများအား ပြန်လည် ပို့ဆောင် ရေးလုပ်ငန်းစဉ်တွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့်အတူ လူမှု ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ လုပ်ငန်းစဉ်ကုန်ကျစရိတ်များကို ကုန်ကျခံကာ ပြန်လည်ပို့ဆောင် မည်ဖြစ် ကြောင်းသိရသည်။

မလေးရှားတွင် နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်း ၁၁ ခုရှိပြီး လက်ရှိတွင်လည်း အဆိုပါထိန်းသိမ်းရေး စခန်းများတွင် အနေကြာကာ စရိတ် မတတ်နိုင်သူများကို မလေးရှားနိုင်ငံရှိ လူမှုအဖွဲ့အစည်းများ၏ အလှူငွေ ကို အသုံးပြုကာ မြန်မာသံရုံး၏အစီအစဉ်ဖြင့် ဇူလိုင် ၁၃ ရက်တွင် ၁ဝဝ ကျော်၊ ဇူလိုင် ၁၅ ရက်တွင် ၁၁၅ ဦး၊ ဇူလိုင် ၂ဝ ရက်တွင် ၁၁၉ ဦးနှင့် ဇူလိုင် ၂၂ ရက်တို့တွင် ၁ဝဝ ကျော်တို့ကို ပြန် လည်ပို့ဆောင်ပေးနိုင် ခဲ့ပြီဖြစ်သည်။ ဆက်လက်၍ နိုင်ငံသားအဖြစ် စိစစ် ပြီးသော မြန်မာနိုင်ငံသား ၇ဝဝ ကို ထပ်မံခေါ်ဆောင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ZCH

#democracytoday

YMG
Powered by Blogger.