ခိုးပြေးရန် တောင်းဆိုမှုကို ငြင်းပယ်မှုကြောင့် ၉ တန်းကျောင်းသူ ချစ်သူ၏ အသတ်ခံရ



ရန်ကုန်၊ဇူလိုင် ၂၅

ဇူလိုင်လ ၁၄ ရက်နေ့က ရှမ်းပြည်နယ် မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက်
မှာဖြစ်ပွားခဲ့တဲ့ န၀မတန်းကျောင်းသူ မနန်းဖွေးလောဝ်အသတ်ခံရမှုရဲ့
 တရားခံကို ဇူလိုင် ၂၄ ရက်နေ့ မှာ ရဲက ဖမ်းဆီးလိုက်နိုင်ပြီဖြစ်ပါတယ်။

ကျူးလွန်သူ မောင်စိုင်းခေးဆိုင်ကို ဇူလိုင်လ (၂၄)ရက် နေ့ မွန်းလွဲ 
(၂)နာရီခန့် အချိန်က မိုးနဲမြို့ နယ် လွိုင်ချို ကျေးရွာမှာ ဖမ်းဆီးရမိခဲ့
တာဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်မှူးရုံးက ဒုရဲမှူးကျော်ဦးက ပြောပါတယ်။

" ဘာကြောင့် သတ်သွားရတာလဲဆိုတော့ သူတို့နှစ်ယောက်ကို ကောင်မလေးဘက်က မိဘတွေက သဘောမတူလို့  ကောင်မလေးကို ခိုးရာလိုက်ဖို့ ပြောဆိုရာကနေ ကောင်မလေးက ငြင်းဆန်လို့  အသင့်ပါလာတဲ့ ဓားနဲ့  သတ်ခဲ့တာပါလို့  ကျွန်တော်တို့ ကနဦးစစ်ဆေးသိရှိရပါတယ် " လို့ သူကဆိုပါတယ်။

မောင်စိုင်းခေးဆိုင်ဟာဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က နေ့လည်ပိုင်း
က တစ်ရပ်ကွက်တည်းနေ မနန်းဖွေးလောဝ်ကျောင်းသားရာလမ်းမှာ
 စောင့်ပြီး ဓါးနဲ့ထိုး လူသတ်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်။

အသတ်ခံရသူနဲ့ လူသတ်မှုကျူးလွန်သူ ဟာဆိုရင် ချစ်သူရည်းစား 
သက်တမ်း ၁ နှစ်ကျော်ကြာခဲ့ပြီလို့ လည်း ရဲမှတ်တမ်းအရသိရပါတယ်။
လောလောဆယ်မှာ မောင်စိုင်းခေးဆိုင် ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အရေး ယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဧကရီကျော်
Popular

ပုံ-လူသတ်ရာတွင် အသုံးပြုခဲ့သည့် ဓါး
Powered by Blogger.