လိုင်စင်မဲ့ကား လက်ဝယ်ထားရှိ အသုံးပြုသူ ဦးပဉ္ဇင်း တစ်ပါးအား လူဝတ်လဲအရေးယူ
============================
၂၅..၇..၁၆
-
ဂန့်ဂေါခရိုင် ဆောမြို့နယ် လောင်းရှည်-ဆိပ်ဖြူကားလမ်း၌ ယခုလ ၂ဝ ရက် ညပိုင်းက လိုင်စင်မဲ့ကားတစ်စီး အား မောင်းနှင်လာသောဦးပဉ္ဇင်းတစ်ပါးအား လူ ဝတ်လဲကာအရေးယူခဲ့ကြောင်း ဆောမြို့မရဲစခန်းမှ သိရသည်။
-
ဖြစ်စဉ်မှာ ယခုလ ၂ဝ ရက် ည ၁ဝနာရီခွဲက ဆောမြို့မ ရဲစခန်းမှူးဒုရဲမှူး စိုင်းထွန်းကျော် နှင့်အဖွဲ့သည် လောင်းရှည်- ဆိပ်ဖြူ ကားလမ်း မိုင်တိုင်အမှတ် ၆၄/၃ နှင့် ၆၄/၄ အကြား၌ ယာဉ်ပိတ်ဆို့ ရှာဖွေစစ်ဆေးနေစဉ် လောင်းရှည် ဘက်မှ ဆောမြို့ဘက်သို့ မောင်းနှင်လာသော ၉ခ/၇ဝ၉၃ စူပါကာစတန်
ခဲရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်မောင်းနှင်လာသူမှာ စလင်းမြို့ ဆုံတားကျောင်းတိုက်နေ ဦးသံဝရ(လူအမည်-ခင်မောင်နိုင်) သက်တော်(၃၇)နှစ် ဝါတော် (၁၉)ဝါ သာသနာဝင်အမှတ် ၈/စလန (သ)ဝဝ၅၁၈၉ ကိုင်
ဆောင်သူဖြစ်ကြောင်းတွေ့ရှိရသဖြင့် ဆောမြို့နယ် သံဃနာယက ဆရာတော်ထံပင့်ဆောင်၍ မြို့နယ်သာသနာရေးဦးစီးမှူး ဦးမြင့်သန်းတို့နှင့် အတူ စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် မြို့နယ်သံဃနာယက ဆရာတော်က လူဝတ် လဲစေခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လိုင်စင်မဲ့ယာဉ်လက်ဝယ်ထား အသုံးပြုသူ ဦးသံဝရ (ခ)ခင်မောင်နိုင်အား အရေးယူပေးရန် ဒုရဲမှူး စိုင်းထွန်းကျော်က ယမန်နေ့က တရားလိုပြု တိုင်တန်း သဖြင့် ဆောမြို့နယ် မြို့မရဲစခန်းမှ(ပ) ၈ဝ/၂ဝ၁၆ ပို့ကုန်/သွင်းကုန်ပုဒ်မ ၈ ဖြင့် အမှုဖွင့်ထားသည်။
============
နော် မိ သန်းနွယ်