ပြည်မြို့တွင်ဖြစ်ပွားနေသော ပြင်းထန်ကူးစက်မြန်ဝမ်းပျက်ဝမ်းလျောရောဂါ ထိန်းချုပ်နိုင်ရေး တပ်မတော်၊ အုပ်ချုပ်ရေး ဌာနဆိုင်ရာနှင့် လူမှုအဖွဲ့အစည်းများပူးပေါင်းလုပ်ဆောင်နေ


****************************************
သီဟလွင်-ပြည်( မြစ်မခ)

ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်အတွင်းဖြစ်ပွားနေသော
ပြင်းထန်ကူးစက်ဝမ်းပျက်ဝမ်းလျောရောဂါအား ထိန်းချုပ်နိုင်ရေးအတွက်
တပ်မတော်အပါအ၀င် အုပ်ချုပ်ရေးပိုင်းများ လူမှုအသင့်အဖွဲ့များနှင့်
ဒေသခံပြည်သူများ ပူပေါင်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ယနေ့ ( ဇူလိုင်လ(၂၅)) ရက်နေ့တွင် ရောဂါဖြစ်ပွားမှု၏ ဇစ်မြစ်နေရာဟု ယူဆရသည့်န၀င်းနယ် ရေမြုပ်နေသော မလာကာကုန်းရပ်ကွက်တွင် တမံပိတ်ဆိုနိုင်ရန်အတွက် ပူးပေါင်းလုပ်ဆောင်နေကြပြီး တမံပိတ်ပြီး ပါက ရေများအားဆေးခတ်ခြင်း၊ ရောဂါပိုးရှင်းလင်းရေးတို့အတွက်
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Shwe Myitmakha Media
Powered by Blogger.