ကမ္ဘာ့ အလှူအတန်း အရက်ရောဆုံး အားကစားသမား ရော်နယ်ဒို
ရော်နယ်ဒိုဟာ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်း ချန်ပီယံဆု ဆွတ်ခူးခဲ့လို့ ရရှိခဲ့တဲ့ ဆုကြေးငွေအားလုံးကို ကင်ဆာရောဂါသည် ကလေးငယ်တွေအတွက် ထူထောင်ထားတဲ့ Kids Cancer Foundation ထံ လှူဒါန်းခဲ့ပါတယ်။ ရော်နယ်ဒိုက သူရခဲ့တဲ့ ဆုကြေးငွေ ပေါင် ၂၇၅,၀၀၀ ကို လှူဒါန်းခဲ့တာပါ။
ရော်နယ်ဒိုဟာ နီပေါနိုင်ငံမှာ လူ ၈,၀၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင် လှုပ်ခတ်တုန်းက မဆိုင်းမတွဘဲ ပေါင် (၅) သန်း လှူခဲ့သလို ပြီးခဲ့တဲ့နှစ်တုန်းက ရီးရဲလ် အသင်းနဲ့အတူ ချန်ပီယံလိဂ် ဖလား ရခဲ့လို့ သူရရှိခဲ့တဲ့ ဆုကြေးငွေ ပေါင် ၄၅၆,၀၀၀ လုံးကို ကုလသမဂ္ဂရဲ့ ပရဟိတ အဖွဲ့အစည်းထံ လှူဒါန်းခဲ့ပါသေးတယ်။
ရော်နယ်ဒိုဟာ ကမ္ဘာ့ အလှူအတန်း အရက်ရောဆုံး အားကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းက ပရဟိတ အဖွဲ့အစည်းတွေထံ သူ လှူဒါန်းခဲ့တဲ့ ငွေပမာဏက ပေါင် ၁၀ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
Ref : http://nwikedinho.sportsblog.com/posts/21799985/real-madrid-star-cristiano-ronaldo-donates---275-000-euro-bonus-to-a-kids-cancer-foundation.html, https://www.theguardian.com/football/2015/may/09/cristiano-ronaldo-donates-5m-nepal-aid-fund-reports, http://metro.co.uk/2016/06/03/real-madrid-star-cristiano-ronaldo-donates-his-456000-champions-league-win-bonus-to-charity-5922348/
Nz (ရိုးရာလေး)
www.yoyarlay.com