တပ်မတော်စစ်ကြောင်းနှင့် TNLA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား
နေပြည်တော်၊ ဇူလိုင် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ဇူလိုင် ၂၁ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် TNLA အဖွဲ့မှ အင်အား ၇၀ ဦးခန့်က နမ့်ဆန်မြို့၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ ဆွဲမိုင်းသုံးလုံးဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခဲ့ရာ တပ်မတော်စစ်ကြောင်းမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရန်သူသည် အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် တပ်မတော်စစ်ကြောင်းမှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆုတ်ခွာသွားသော ရန်သူနောက်သို့ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Ref: မြဝတီ