ဂျနီဗာမြို့မှာ အမျိုးသမီးတစ်ဦးအားသတ်ပြီးယစ်ပူဇော်မှုဖြစ်ပွားခဲ့


ဥရောပနယူကလီးယားသုတေသနရုံး (Conseil Européen pour la Recherche Nucléaire)မှာ အမျိုးသမီးတစ်
ယောက်ကို ၀တ်ရုံနက်ဝတ်ထားသူတွေက ဟိန္ဒူနတ်ဘုရားရှီဝရဲ့ ရုပ်တုရှေ့မှာ ယစ်ပူဇော်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာ လူထုအ
ကြားကို ပျံ့နှံ့လာခဲ့ပါတယ်။ ဗွီဒီယိုဟာ ညအချိန်မှာ ရိုက်ကူးထားတဲ့ ဗွီဒီယို ဖြစ်ပါတယ်။
CERN ရုံးဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ တည်ရှိပြီး လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီအတွက် ၀တ်ရုံနက်ဝတ်ထားသူတွေဟာ အဆိုပါရုံးကို လွတ်လပ်စွာ ၀င်ထွက်ခွင့် ရနေတဲ့ သိပ္ပံပညာရှင်တွေ ဖြစ်နိုင်တယ်လို့
လည်း ကောက်ချက်ချမှုတွေ ရှိနေပါတယ်။



ဒီဗီဒီယိုဖိုင်ကို လူတစ်ယောက်က အမှတ်မထင် ချောင်းကာ ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ၎င်းရဲ့ တစ်တစ်ခွခွ ဆဲသံကိုပါ ဗွီဒီယိုထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီဗွီဒီယိုဖိုင်ကြောင့် CERn ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့အတွက် စုံစမ်းမှုတွေလည်း အပူတပြင်း
ပြုလုပ်နေပါတယ်။ ဗွီဒီဖိုင်ထဲမှာ အနည်းဆုံး ခြောက်ယောက်ခန့် ပါဝင်နေတယ်လို့ ခန့်မှန်းရပါတယ်။


ပထမဦးဆုံးအနေနဲ့ ၀တ်ရုံနတ်ဝတ်လာသူတွေဟာ နတ်ဘုရားရုပ်တုရှေ့မှာ ရပ်လိုက်ကြပါတယ်။ နောက် အမျိုးသမီး
ဝတ်ထားတဲ့ အနက်ရောင်ဝတ်စုံကို အခြားတစ်ယောက်က ချွတ်ပေးလိုက်ပါတယ်။ အမျိုးသမီးဟာ အဖြူရောင်ဝတ်စုံနဲ့
ကျန်နေခဲ့ပြီး မြေပြင်ပေါ်မှာ ပတ်လက်အနေအထားနဲ့ လှဲချလိုက်ပါတယ်။ အဲဒီအခါ ဘေးမှာ ၀န်းရံထားသူတွေက ဒူး
တုပ်ထိုင်ချလိုက်ပါတယ်။ နောက် ခေါင်းဆောင်ဖြစ်ဟန်တူသူက အမျိုးသမီးကို စီရင်လိုက်တာ ဖြစ်ပါတယ်။



ဒီထိတ်လန့်ပြီး လက်မခံဖွယ်ရာ ဗွီဒီယိုဖိုင်ကြောင့် CERN တာဝန်ရှိသူတွေဟာ ဒေါသထွက်လျှက်ရှိကြပြီး လက်ရှိအချိန်ထိတော့ သဲလွန်စ မရသေးပါဘူး။ ဒါပေမယ့် တစ်ချို့ကတော့ CERN ရဲ့ လုံခြုံရေး အားနည်းမှုကို ဝေဖန်နေကြပါတယ်။ CERN ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ” ဒီဌာနထဲကို ၀င်မယ်ဆိုရင် ID ကတ်နဲ့ အစစ်ဆေးခံပြီးမှ ၀င်ရတာပါ … နေ့ပဲ ဖြစ်
ဖြစ် … ညပဲ ဖြစ်ဖြစ်ပေါ့ … ဒါပေမယ့် ဒီလုပ်ရပ်ဟာ CERN ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေမယ်ဆိုတာ သေချာပါတယ် “လို့ ဆိုပါတယ်။



အခြားပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ” CERN ဟာ ကမ္ဘာအသီးသီးက သိပ္ပံပညာရှင် ထောင်ချီ နှစ်စဉ်ဝင်ထွက်ရာ
ဖြစ်ပါတယ် … တစ်ခါတလေမှာ ဌာနထဲကို ထဲထဲဝင်ဝင် လေ့လာခွင့်ပေးထားပြီး … ဒီအချက်ကပဲ …. အခုလို ယစ်ပူဇော်တဲ့ အဖြစ်မျိုး ဖြစ်သွားစေတယ်လို့ ယူဆပါတယ် “လို့ ဆိုပါတယ်။

ဂျီနီဗာရဲတပ်ဖွဲ့ကတော့ ဒီဗွီဒီယိုကိစ္စကို သူတို့စုံစမ်းမှုတွေ ပြုလုပ်နေပေမယ့် အလွတ်သဘောသာဖြစ်ပြီး official စုံစမ်းမှုနဲ့
သက်ဆိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။



source : thesun.co.uk

Credit: Shwemom
http://www.shwemom.com/human-sacrifice-ceremony-at-genevas-cern-laboratory-is-investigated-by-chiefs/
Powered by Blogger.