တမူးမြို့နယ်ရှိ ရန်အောင်မြင် ဆုတောင်းပြည့် စေတီ မိုးကြိုးထိမှန်သဖြင့် စိန်ဖူးတော်မြေခ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာအုပ်စု၊ ရန်တိုင်းအောင်ကျေးရွာရှိ ဓမ္မမာမက ဘုန်းတော် ကြီးကျောင်းဝင်း အတွင်း တည်ထားကိုးကွယ်သော ဥာဏ်တော်(၂၇)တောင်ရှိ ရန်အောင်မြင် ဆုတောင်းပြည့်စေတီ မိုးကြိုးထိမှန်သဖြင့် စေတီ၏ ဖန်သားစိန်ဖူးတော် မြေခခဲ့ကြောင်း သိရှိရသည်။ "မနေ့က ညနေပိုင်းလောက်မှာ မိုးကြိုးထိမှန်သွားတာပါ။ ကျောင်းမှာရှိတဲ့ သူတွေကတော့ ဘာမှ အန္တရာယ်မဖြစ်ဘူး။ ဘုရားတွေပဲ ထိမှန်သွားတာပါ။ လာလောဆယ် စိန်ဖူးတော်ကိုတော့ မြေပြင်မှာပဲ အပူဇော်ခံဖို့ ထားတယ်။ ထီးတော်ပြန်တင်ဖို့တော့ အတိအကျ မသိရသေးဘူး။ ကျေးရွာက ဝိုင်းဝန်းပြင်ကြမယ်လို့ သိရပါတယ်။ ဌာနဆိုင်ရာက လူကြီးတွေလည်း သွားရောက်ကြည့်ခဲ့ပါတယ်" ဟု တမူးခရိုင် အထွေထွေအုပ်ချုပ်ရေးစီးဌာနမှဦးစီးအရာရှိ ဦးကျော်နိုင်က ပြောသည်။ ဩဂုတ်လ(၂၅)ရက်က မိုးကြိုးထိမှန်မှုကြောင့် စိန်ဖူးတော်မြေခခြင်း၊ စေတီ၏ ဗုဒ္ဓဟူးထောင့် ပေါင်းရစ်(၁)ပေခန့် ကွာကြခြင်း၊ အင်္ဂါထောင့် အလယ်ပစ္စယံအုတ်ရိုး(၁)ပေခန့် ကွာကျခြင်း၊ ကျောင်းဝန်းအတွင်းရှိ သိမ်ကျောင်းအောက်ခြေ ကွန်ကရစ်(၁)ပေခန့် ကွာကျခြင်း၊ စေတီတွင် သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ ပြတ်တော်ခြင်း၊ လျှပ်စစ်မီးလုံးများ ပျက်စီးခြင်း၊ ဘုန်းတော်ကြီးကျောင်းဆောင်ရှိ ဘုရားကျောင်းဆောင် ဆောက်လုပ်ထား သည့်ဒေါင့်တိုင်မှာ အက်ကွဲပျက်စီးခြင်းနှင့် ဘုန်းတော်ကြီးကျောင်းအတွင်းရှိ လျှပ်စစ်မီး သွယ်တန်းထားမှုအား ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုးကြိုးထိမှန်မှုကြောင့် စိန်ဖူးတော် ၊ ထီးတော် ၊ လျှပ်စစ်မီးကြိုးများပျက်စီးဆုံးရှုံးခဲ့ပြီး ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသော ဆရာတော်များနှင့် သာမဏေများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။ ဘုန်းတော်ကြီးကျောင်းသို့ တမူးခရိုင်ရဲတပ်ဖွဲ့၊ တမူးခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ ခရိုင်စီမံကိန်းဦးစီးဌာနတို့မှတာဝန်ရှိပုဂ္ဂိုလ်များ သွားရောက် ကြည့်ရှုခဲ့စစ်ဆေးခဲ့ကြောင်း သိရသည်။ 

Credit: MMKThe Ladies News 

Powered by Blogger.