တပ်မတော် အရာရှိ အမိန့်အရ ရွာသားများကို သတ်ဖြတ်ရသည်ဟုဆိုသော မိုင်းယော် ရွာသားအလောင်းများကို ပြန်ဖော်နေမှု မြင်ကွင်း
***************************************
လားရှိုးမြို့နယ် မိုင်းယော်တွင် ဇွန်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဒေသခံရွာသားများ အသတ်ခံရမှုတွင် အထက်အမိန့်အရ သတ်ဖြတ်ရခြင်းဖြစ်သည်ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ပြုလုပ်သည့် ကြားနာစစ်ဆေးမှုတွင် တပ်မတော်သား ၃ ဦးက ၀န်ခံထားသည်ဟု သတင်းမီဒီယာ အချို့တွင် ဖော်ပြထားသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦးကလည်း မိုင်းယော်တွင် ဒေသခံများ သေဆုံးမှုအပေါ် တပ်မတော်အရာရှိ စစ်သည်များကို စစ်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
ဓါတ်ပုံ- စိုင်းလျှန်း
The Ladies News