ပိုင်နယ်တီပေးလိုက်သည့်အကြောင်းအရင်းကို ကိုရီးယားဒိုင်ရှင်းပြီ


မြန်မာနှင့်ဗီယက်နမ်အသင်းကို ကိုင်တွယ်သော
ကိုးရီးယားလူမျိုး အမျိုးသမီးကွင်းလယ်ဒိုင် Hyeon
Jeong Ohသည် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းမှပိုင်နယ်တီပေးလိုက်ရသည့်အကြောင်းအရင်းကိုရှင်းလင်းဝန်ခံ သွားပါသည်။
အဆိုပါစာနယ်ဇင်းရှင်းလင်းပွဲတွင်သူမမှ 'ကျွန်မအမှားကြီးတစ်ခုလုပ်မိတယ်ဆိုတာကိုကောင်းကောင်းနားလည်ပါတယ် တကယ်တော့ကျွန်မကြောက်ပြီးလုပ်မိလုပ်ရာ လုပ်လိုက်တာပါ အဲ့ဒိပွဲမတိုင်ခင်ကျွန်မဆီကိုစာတစ်စောင်ရောက်လာပါတယ်

ဘာဘာသာစကားနဲ့ရေးထားတာမှန်းတော့မသိပါဘူး Google Translate နဲ့ဘာသာပြန်ကြည့်တဲ့အခါ ဒီပွဲကိုဗီယက်နမ်မှမနိုင်ရင် ကျွန်မကိုဇေရဲထက်နဲ့ရုပ်ရှင်သရုပ်ဆောင်ဖို့ပြင်ထားဆိုပြီးရေးထား ပါတယ် ကျွန်မ Google မှာရှာကြည့်တဲ့အခါ ဇေရဲထက်ဆိုတာတော်တော်လက်သံပြောင်တဲ့သူဆိုတာတွေ့ရတယ်

အကယ်လို့သူနဲ့သာရုပ်ရှင်သရုပ်ဆောင်ရရင် ကျွန်မကိတ်နေတာတွေ ဂွမ်းကုန်မှာပေါ့ ဒီလိုကိတ်ဖို့ကိုရီးယားမှာမနည်းကြိုးစားထားရတာ အဲ့ဒါနဲ့မဖြစ်သင့်တာတွေဖြစ်ကုန်တာပါ တောင်းပန်ပါတယ်' ဟုရှင်းလင်းသွားပါသည်။
အဆိုပါဒိုင်လူကြီးအား အာရှဘော်လုံးအဖွဲ့ချုပ်မှစစ်ဆေးနေပြီး ပြစ်မှုထင်ရှားသဖြင့် မျက်မမြင်သင်တန်းသိုပို့ဆောင် အပြစ်ပေးသွားမည်ဟုသတင်းရရှိပါသည်။

Myanmar Wizardry Media
Powered by Blogger.