တောင်သာနှင့်မြင်းခြံနယ်စပ်၌ လေးကောင်ဂျင်လောင်းကစားဝိုင်း ဖမ်းဆီးမိ ရုပ်သံ
-------------------------
တောင်သာမြို့နယ် စံဦးကျေးရွာ
အရှေ့ဘက် မြင်းခြံမြို့နယ်
ဆားခါးကျေးရွာ ကွင်းအမှတ်
၃၁၂(ခ) လယ်ကန်သင်းပေါ်၌
သြဂုတ်၆ရက်ညနေ၅နာရီအချိန်က
လေးကောင်ဂျင်လောင်းကစားဝိုင်း
ပြုလုပ်နေစဉ်အမျိုးသား၈ဦး။
အမျိုးသမီး၁ဦးကို သက်သေခံပစ္စည်း
များနှင့်အတူ လောင်းကြေးငွေများ
အား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ လွန်ခဲ့သောနှစ်ရက်ခန့်
မှစ၍ အဆိုပါနေရာ၌ လောင်းကစား
ဝိုင်း ပြုလုပ်နေကြောင်း သတင်း
ရရှိခဲ့၍ တောင်သာမြို့မရဲစခန်းမှူး
ဒုရဲမှူးကျော်လင်းထွန်း၏ တာဝန်
ပေးမှုဖြင့် ရဲအုပ်သန်းစိုး ဦးစီးသည့်
အရာရှိ၎ဦး။အခြားအဆင့်၁၂ဦးနှင့်
ရပ်ကျေးအုပ်ချုပ်ရေးမှူး၎ဦးတို့သည်
ဖမ်းဝရမ်းနှင့်အတူ ဝင်ရောက်ဖမ်းဆီး
ခဲ့ရာ ထွက်ပြေးတိမ်းရှောင်ခဲ့သူများမှ
ဥာဏ်အောင်။ဝင်းမောင်။မျိုးနွယ်။
ကျော်မင်းထွန်း။အောင်နိုင်။
သန်းထွန်း။ရှိုင်းအောင်။မျိုးဝင်းလတ်။
ခင်ချိုမြင့် တို့ကို ဖမ်းဆီးရမိခဲ့ပြီး
ငွေစက္ကူရောရာ၂၉၀၆၅၀ ကျပ်။
ဆိုင်ကယ်မျိုးစုံ ၁၈ စီး။ ဖုန်းမျိုးစုံ
၁၂လုံး။ကစားရာတွင်အသုံးပြုသည့်
ကြွေပန်းကန်ပြား နှစ်ချပ်။မိုးကာ
သုံးချပ်။ ဂျင်အုပ်သည့်ယွန်းအစ်အုပ်
တစ်ခု။ပေါက်ကောင်များရေးမှတ်
ထားသည့်စာရွက် စသည့်ဆက်စပ်
ပစ္စည်းများကို သိမ်းဆည်းရမိခဲ့
ကြောင်းသိရသည်။
အဆိုပါအမှုကို တောင်သာမြို့နယ်
မြို့မရဲစခန်းမှ (ပ)၈၆/၂၀၁၆။
လောင်းကစားဥပဒေပုဒ်မ၁၂(က)
ဖြင့် အရေးယူဆောင်ရွက်လျက်
ရှိကြောင်းသိရသည်။
=======///====
(နှစ်မိနစ်)သာသာ
ဂျင်းဝိုင်းဖမ်းဆီးမှုအား
သင်ခန်းစာအဖြစ်
တင်ဆက်ပေးလိုက်ပါသည်။
Htun Lin Media-Taungth