ကျောင်းသူကိုအဓမ္မကျင့်တဲ့ဆရာကို မိဘတွေကအ၀တ်ချွတ်ကာရိုက်နှက်ခဲ့ ရုပ်သံ



အသက်(17-18)သာ ရှိသေးတဲ့ ကျောင်းသူလေးကို အဓမ္မကျင့်နေတာကို လက်ပူးလက်ကြပ်မိခဲ့လို့ ကျောင်းဆရာကို
ကျောင်းသူရဲ့ မိဘတွေက အ၀တ်ချွတ်ကာ ရိုက်နှက်ဆုံးမတဲ့ ဗွီဒီယိုဖိုင် အင်တာနက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဆိုပါ
ကျောင်းဆရာရဲ့ အမည်မှာ Li ဟုသာ သိရပြီး တရုတ်နိုင်ငံ Weixian မြို့မှာရှိတဲ့ First Senior High School အထက်
တန်းကျောင်းမှာ အထက်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်နေသူလို့ သိရပါတယ်။ Li ဟာ ဆရာကျင့်ဝတ်မညီမျှစွာနဲ့ ကိုယ့်တပည့်အရင်းကို ယုတ်ယုတ်မာမာ ပြုမူခဲ့တဲ့အတွက် ကျောင်းသူရဲ့ မိဘတွေက သူ့ကို မုဒိမ်းကောင်လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာတော့ ကျောင်းဆရာ Li ဟာ အ၀တ်အစား လုံးဝမရှိဘဲ၊
ကျောင်းသူရဲ့ မိဘတွေ ပြုသမျှ နုနေရတာကို တွေ့ရပါတယ်။ ရိုက်နှက်တာကိုတော့ မတွေ့ရပေမယ့် သတင်းတွေရဲ့အဆိုအရ ဒီဗွီယိုကို မရိုက်ကူးခင်ကတည်းက ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရတယ်လို့ သိရပါတယ်။



မိဘတွေနဲ့အတူ ကျောင်းသူရဲ့ ဆွေမျိုးသားချင်းတွေကပါ ကျောင်းဆရာကို ထုထောင်းရိုက်နှက်ခဲ့တယ်လို့ သိရပြီး ရဲတစ်ယောက်စနှစ်ယောက်စကိုလည်း မြင်တွေ့ရပါတယ်။ ကျောင်းဆရာ Li ကတော့ မကြာခင်က ရိုက်နှက်ထားလို့ ရထားတဲ့ ဒဏ်ရာတွေနဲ့အတူ သူ့ငယ်ဖော်မပေါ်အောင် လက်နဲ့ လုံအောင်ဖုံးနေတာကိုလည်း တွေ့ရပါတယ်။

READ
အသက်(၁၂)အမျိုးသမီးငယ်များအိမ်ထောင်ပြုခြင်းကို ဗာဂျီးနီးယားမှာတားမြစ်


သမီးနုနုထွတ်ထွတ်လေးကို အဓမ္မကျင့်ခံရတာဖြစ်တဲ့အတွက် ကျောင်းသူရဲ့မိဘတွေရဲ့ ဒေါသက ဘယ်လောက်အထိ
ပြင်းထန်နေမလဲဆိုတာ ပြောစရာမလိုတော့ပါဘူး။ ဒါဇင်နဲ့ ချီတဲ့ ဆွေမျိုးတွေကလည်း သတ်မယ်ဖြတ်မယ် တကဲကဲဖြစ်
နေတာမို့ အသက်မသေတာပဲ ကံကောင်းတယ် မှတ်ရမှာပါ။ အခုအချိန်မှာတော့ သူ့ကို အလုပ်ကနေ ထုတ်ပယ်လိုက်ပြီလို့ သိရပြီး ဆေးရုံမှာ ရဲအချုပ်နဲ့ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် နီးစပ်တဲ့သတင်းအသိုင်းအ၀ိုင်းကနေ ထွက်ပေါ်လာတဲ့ သတင်းအရ ကျောင်းကနေထုတ်ပယ်ခံရတဲ့ အဆိုပါ
ကျောင်းသူဟာ လက်စားချေဖို့အတွက် ဒီကိစ္စမျိုးဖြစ်အောင် တမင်သွေးဆောင်ခဲ့တာဖြစ်ပြီး Li ဟာ အဲဒီမာယာထောင်
ခြောက်ကို ၀င်တိုးမိတာလို့ ဖော်ထုတ်ရေးသားထားပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဆရာတွေအနေနဲ့တော့ ကျောင်းသား/သူတွေနဲ့ အချစ်ရေးနဲ့ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေ ကင်းရှင်းသင့်တယ်လို့ မြင်ပါတယ်။

နတ်စည်တော် (Shwemom)
Powered by Blogger.