ရတနာ့ဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲ စတင်
------ ------ ------ ------ ------
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် နှစ်စဉ်ကျင်းပသော ရတနာ့ဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲကို သြဂုတ်လ ၂၅ နေ့ ကစတင်၍ စည်းကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိသည်ကို တွေ့ရသည်။ "တောင်ပြုံးပွဲတော်ကြီးပြီးတာနဲ့ ၇ ရက်အကွာ နှစ်စဉ် ဝါခေါင်လဆန်း ၇ ရက်နေ့ဆို ရတနာ့ဂူဘုရားပွဲတော်နှင့်အတူ ပုပ္ပားမယ်တော်ကြီး နတ်ပွဲကျင်းပါတယ်။ဒီနတ်တွေက သာသနပြုနတ်တွေဖြစ်တာကြောင့် ဘုရာပွဲတော်တွေနဲ့အတူ ရှေးယခင် ဘုရင်မင်းမြတ်တွေက ပွဲတော်အတွင်း နယ်နယ်အရပ်ရပ်ကလူတွေနဲ့ နတ်ကိုးကွယ်သူများအတွက် ကျင်းပလာခဲ့တာပါ။ နှစ်ပေါင်းကတော့မနည်းဘူး အကြိမ်အရေအတွက်ဆိုတာ မသိရဘူး။ အနော်ရထာမင်းလက်ထက်ကနေယနေ့ထိကျင်းပတာဆိုတာလောက်ပဲ သိရတာ။ဒီပွဲတော်က နေရာကျယ်တယ်။ အခုနေရာက အထက်မယ်တော်ကြီး နတ်နန်း ယနေ့ နတ်ကြီးချော့တယ်။ မနက်ဖြန် နတ်ရေချိုးမယ်။ နတ်တွေက အပြင် ၃၇ မင်း အတွင်း ၃၇ မင်းရှိပါတယ်”ဟု နတ်ဆရာတဦးက ပြောသည် စိုင်းထူးခန့် 
စောင့်ကြည့်ရေး ဂျာနယ်