မထသကို စက်တင်ဘာ ၁၅ ရက်တွင် ဖျက်သိမ်းမည်

ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသော မထသယာဉ်တစ်စီး(ဓာတ်ပုံ−စိုင်းဇော်)

 မော်တော်ယာဉ်လိုင်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ)အဖွဲ့အစည်းကို စက် တင်ဘာ ၁၅ ရက်မှ စတင်ဖျက် သိမ်းမည်ဖြစ်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်း များအားလုံးကို ရန်ကုန်တိုင်းဒေ သကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)က လွှဲပြောင်းစီမံခန့်ခွဲ တော့မည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲ မှူးကြီး အောင်ကိုဦးက ပြောကြား သည်။

‘‘မထသကို တရားဝင်ဖျက် သိမ်းတော့မှာဖြစ်ပါတယ်။ တိုင်း ဒေသကြီးအစိုးရအဖွဲ့ကလည်း (YRTA) အောက်ကို မထသကို ထည့်သွားမယ်။ YRTA အောက် ရောက်တာနဲ့ ဘတ်စ်ကားတွေ စည်းကမ်းချိုးဖောက်မှုကို ပိုပြီး ထိထိရောက်ရောက်အရေးယူ သွားမှာဖြစ်တယ်’’ဟု ဒုရဲမှူးကြီး က မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ပြောသည်။


လက်ရှိတွင် မထသက ခရီး သည်တင်ယာဉ်များ စီမံအုပ်ချုပ် မှုကို လုပ်ဆောင်နေသော်လည်း နောက်ပိုင်း အများပိုင်ကုမ္ပဏီ ယာဉ်လိုင်းများ ဖွဲ့စည်းပြေးဆွဲမှု (YRTA)က ကြီးကြပ်မည်ဖြစ်ပြီး ယာဉ်စည်းကမ်းချိုးဖောက်ခြင်း များအပါအဝင် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါက ယာဉ်လိုင်းအ ဖြစ်မှ ချက်ချင်းဖယ်ရှားမည်ဖြစ် ကြောင်း ဒေါက်တာမောင်အောင် က ပြောသည်။

ထို့ကြောင့် ရန်ကုန်မြို့တွင်း ပြေးဆွဲမည့် ခရီးသည်တင်ယာဉ် လိုင်း အများပိုင်ကုမ္ပဏီများ လျှောက်ထားခြင်းများပြုလုပ်နေ ပြီး သြဂုတ်လကုန်အထိသာ ခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အ ဖွဲ့(YRTA)မှ သတင်းရရှိသည်။

‘‘လက်ရှိ မထသအဖွဲ့အ စည်းမှာရှိတဲ့ ဝန်ထမ်းတွေက နောင်တစ်ချိန် YRTA အဖွဲ့ရဲ့ ဌာနတွေ အသီးသီးမှာ ပါဝင်သွားကြ မယ်။ လက်ရှိအချိန်မှာ ပြေးဆွဲနေ တဲ့ ခရီးသည်တင်ယာဉ်တွေကို မထသ(ဗဟို)က ထိန်းသိမ်း ဆောင်ရွက်နေတယ်။ အများပိုင် ကုမ္ပဏီများ စနစ်တကျဖွဲ့စည်းပြီး ပြေးဆွဲနိုင်တဲ့အခါ မထသအဖွဲ့အ စည်းတာဝန်တွေကို YRTA ကလွှဲပြောင်းတာဝန်ယူသွားမှာဖြစ် တယ်ဆိုပြီး ဝန်ကြီးချုပ်ကလည်း ပြောထားပါတယ်’’ဟု မထသ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

မထသကို ၁၉၆၂ တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၀၉ တွင် မထ သ(ဗဟို)အဖွဲ့ကို ဖွဲ့စည်းကာ ၂၀၁၀ တွင် ၎င်းအဖွဲ့က ခရီးသည် တင်ယာဉ်ထိန်းသိမ်းကြီးကြပ်မှု လုပ်ငန်းများကို စတင်ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။

Credit : 7daydaily
http://www.7daydaily.com/story/73898

Powered by Blogger.