လှည်းကူးမြို့နယ်၊ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်စစ်ဆေးရေးတာဝန် ဆောင်ရွက်စဉ် တုတ်၊ ဓါးလက်နက်များနှင့် လေးခွများတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် အရေးယူဆောင်ရွက်လျက်ရှိ
ရန်ကုန်၊ သြဂုတ် ၂၈
၂၇.၈.၂၀၁၆ ရက်နေ့ ၀၂၃၀ အချိန်တွင် လှည်းကူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌
စစ်ဆေးရေးတာဝန်ဆောင်ရွက်စဉ် ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်
လာသော 5C---- TOYOTA Hilux surf ယာဉ်အားရပ်တန့်စစ်ဆေးရှာဖွေ
ခဲ့ပါသည်။
ထိုသို့စစ်ဆေးရှာဖွေစဉ် ယာဉ်ရှေ့ခန်းတွင် ယာဉ်မောင်းဖြစ်သူ ပဲခူးတိုင်း
ဒေသကြီး၊ ပဲခူးမြို့နေ နေလင်းထက်၊ ၂၅ နှစ် နှင့်အတူ ယာဉ်နောက်ခန်း၌
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်နေ လင်းလင်းအောင်၊ ၂၃ နှစ်နှင့်
ရွှေပြည်သာမြို့နယ်နေ နောင်နောင်လွင်၊ ၂၈ နှစ်တို့လိုက်ပါလာသည်ကို
တွေ့ရှိရပြီး ယာဉ်မောင်း၏၀ဲဘက်ထိုင်ခုံပေါ်မှ ကျွဲချို လေးခွ ၁ လက်နှင့်
ထိုင်ခုံအောက်မှ အရှည် ၂၁ လက်မခန့်ရှိ သံချောင်း ၁ ချောင်း၊ ယာဉ်
နောက်ခန်း ထိုင်ခုံပေါ်ရှိ အစိမ်းရောင်လွယ်အိတ်အတွင်းမှ ကျောက်စရစ်ခဲ
များနှင့် လောက်စာလုံးများ၊ ဂျင်ကလိပစ်ရာတွင် အသုံးပြုသည့် သတ္တုလေးခွ
၁ လက်၊ သံကုံးသီးများ၊ ယာဉ်မောင်း နေလင်းထက်၏၀ဲဘက်ပေါင်တွင်
ပတ်ထားသော အ၀တ်အတွင်းမှ အရိုးအသွား ၁၄ လက်မခွဲခန့်ရှိ ဓါးအိမ်
စွပ်လျက် ဓါးဦးချွန် ၁ ချောင်း၊ ယာဉ်မောင်းထိုင်ခုံ နောက်ကျောမှ အရိုး
အသွား ၉ လက်မခန့်ရှိ သံရိုးတပ်ဓါးဦးချွန် ၁ ချောင်း၊ ယာဉ်၏နောက်ခန်း
အတွင်းမှ အပြာရောင်ပုဆိုးကွက်စိပ်ဖြင့်ပတ်လျက် အရိုးအသွား ၂၉လက်မ
ခန့်ရှိ ဓားရှည် ၁ ချောင်း၊ အရိုးအသွား ၂၂ လက်မခန့်ရှိ ဓါးဦးချွန် ၁ ချောင်း၊
အရိုးအသွား ၁၃ လက်မခွဲခန့်ရှိ နှစ်ဖက်သွား ဓါးဦးချွန် ၁ ချောင်း၊ အရိုး
အသွား ၇ လက်မခွဲခန့်ရှိ ဦးချွန် သံပိုက် ၁ ချောင်း၊ အရှည် ၁၂ လက်မခန့်
ရှိ အနက်ရောင်သံပိုက် ၁ ချောင်း၊ အရှည် ၁၈ လက်မခန့်ရှိ မူလီခေါင်း
တပ်လျက် သံပိုက် ၁ ချောင်း၊ ၀ါးချောင်းများတပ်လျက် ဂျင်ကလိ ၅ ချောင်း၊
အရှည် ၂၅ လက်မခန့်ရှိ ကော်ပိုက် ၁ ချောင်းတို့အား တွေ့ရှိသိမ်းဆည်း
ရမိခဲ့ပါသည်။
ယင်းသို့ ဓါးလက်နက်များ၊ လေးခွများ၊ ဂျင်ကလိများနှင့် သံပိုက်များသိမ်းဆည်း
ရမိခဲ့သဖြင့် ၎င်းတို့ ၃ ဦးကို လှည်းကူးမြို့မရဲစခန်း (ပ) ၈၃၂/၂၀၁၆၊ လက်နက်
အက်ဥပဒေပုဒ်မ-၁၉(က)/၁၉(င) ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police
https://m.facebook.com/story.php?story_fbid=914755941987007&substory_index=0&id=326712354124705

