ရပ်ထားသည့်ကုန်ကားကို အငှားယာဉ် ဝင်တိုက်ရာမှ အမျိုးသမီးတစ်ဦး သေဆုံး

ကုန်တင်ယာဉ်ကို ဝင်တိုက်သည့်ကားနှင့် ယာဉ်အတွင်းညပ်နေသူကို ကယ်ဆယ်နေစဉ် (ဓာတ်ပုံ − မီးသတ်ညီညီ)
မင်္ဂလာဒုံမြို့နယ် အ မှတ်(၃)လမ်းမ သဘာဝဓာတ် ငွေ့ အရောင်းဆိုင်ရှေ့တွင် စက်ပျက်ပြီး ရပ်တန့်ထားသည့် ကုန်တင်ယာဉ်ကို အငှားယာဉ်တစ်စီး က ဝင်ရောက်တိုက်မိခဲ့ပြီး အငှားယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိ သည်။
နောက်မှ ဝင်ရောက်တိုက်မိသည့် အငှားယာဉ်ပေါ်တွင် အမျိုး သားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး လိုက်ပါလာပြီး ရပ်တန့်ထားသည့် ကုန်ကားကို သြဂုတ် ၂၄ ရက် နံ နက် ၃ နာရီကျော်တွင် တိုက်မိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘ကုန်ကားက စက်ပျက်လို့ ရပ်ထားတုန်း အငှားယာဉ်က ဝင် တိုက်မိတာပါ။ ကားက ကုန်ကား အောက်ထဲ ရောက်သွားတော့ ရှေ့က ယာဉ်မောင်းနဲ့ အမျိုးသမီး ညပ်သွားတယ်။ နောက်ကလာတဲ့ အမျိုးသားလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်’’ဟု အဆိုပါရဲအရာရှိ ကပြောသည်။
အဆိုပါ အမှတ်(၃)လမ်းမ ကြီးတွင် ရပ်တန့်ထားသည့် ကုန် တင်ယာဉ်များသည် လမ်းပေါ် ၌ တစ်ဝက်တင်ရပ်ပြီး ကားအများစုမှာ ရောင်ပြန်ကပ်ထားမှု နည်းပါးသဖြင့် ယာဉ်တိုက်မှု ဖြစ်ရခြင်းဖြစ်ကြောင်း ယာဉ်မောင်း ဦးသိန်းဇော်ကပြောသည်။
‘‘ကားကြီးတွေက လမ်းပေါ် ရပ်ရင် လမ်းတစ်ဝက်တင်ပြီး ရပ် တာများတယ်။ ကားကြီးတွေက ရောင်ပြန်မတပ်ထားတော့ အနီး ရောက်မှ မြင်ရင်ရှောင်ချိန်မရဘူး။ ဒီအတွက် လမ်းဘေးချရပ်ထား ရင် မီးထွန်းပြီးရပ်တာကောင်းပါ တယ်။ ရောင်ပြန်ပြားတွေလည်း ကားကြီးတွေမှာ တပ်ထားစေချင် ပါတယ်’’ဟု ၎င်းက ပြောကြား သည်။
ယာဉ်တိုက်မှု ဖြစ်ပွားသည့် အမျိုးသားနှစ်ဦးမှာ ဒဏ်ရာရှိခဲ့သည့်အတွက် ပုလဲအရန်မီးသတ် တပ်ဖွဲ့ဝင်များက မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ပေးခဲ့ပြီး ယာဉ်မောင်းသူကို အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Credit:7Day Daily

Powered by Blogger.