အိုင်အက်စ်က ဖမ်းထားသည့် စစ်သုံ့ပန်းများကို ကလေးများ စီရင်နေသည့်ရုပ်သံ ထွက်ပေါ် (ရုပ်သံ)
ဗြိတိန်က ကလေးငယ်တဦးအပါအ၀င် ကလေး၎ ဦးက ဖမ်းထားတဲ့ စစ်သုံ့ပန်းတွေကို စီရင်နေတဲ့ ရုပ်သံဖိုင်ကို အစ္စလာမ်မစ်နိုင်ငံတော်(အိုင်အက်စ်)က ထုတ်ပြန်လိုက်ပါတယ်။
၉ မိနစ်ကြာ ရုပ်သံဖိုင်ဟာ ဆီးရီးယားက အိုင်အက်စ်တွေရဲ့မြို့တော် ရာကွာမှာ ရိုက်ကူးထားတာ ဖြစ်ပြီး အဖွဲ့ရဲ့ရက်စက်ကြမ်းကြုတ်မှုကို ထင်ဟပ်နေပါတယ်။
ရုပ်သံဖိုင်မှာတော့ ဗြိတိန် အီဂျစ် တူရကီ တူနီးရှား ဥဇဘက်ကစ္စတန်နိုင်ငံကလို့ယူဆရတဲ့ ကလေးတွေက ပုံစံတူ ပြောက်ကျား ၀တ်စုံတွေ ၀တ်ဆင်ပြီး သေနတ်တွေ ကိုင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီအထဲက ကလေးတယောက်က သေနတ်တွေကို ခေါင်းပေါ်မထောင်ခင် ဖမ်းဆီးထားတဲ့သူ တဦးရဲ့ ခေါင်းကို ရိုက်နှက်ခဲ့ပြီး သတ်ဖြတ်ခဲ့ပါတယ်။ ဖမ်းဆီးထားသူတွေက ကာဒစ်တိုက်ခိုက်ရေး သမားတွေ ဖြစ်ပြီး တိုက်ပွဲမှာ အဖမ်းခံရတာ ဖြစ်ပါတယ်။
ဗြိတိန် သည်ဆန်းမ် သတင်းစာကတော့ ဗြိတိန်ကလေးဟာ အသက် ၁၂ နှစ်အရွယ် အဘူ အက်ဒူလာ အယ်ဘီတနီလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးဟာ ဆီးရီးယားမှာ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံရတဲ့ အိုင်အက်စ်တပ်ဖွဲ့ဝင် ဗြိတိန်နိုင်ငံသားတဦးရဲ့ သားဖြစ်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းပါတယ်။
သြဂုတ် ၂၆ရက်က ရုပ်သံဖိုင် ထွက်ပေါ်လာခဲ့ပြီး ဒီဖြစ်ရပ် ဘယ်တုန်းက ဖြစ်ပွားခဲ့သလဲဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။
DVB
