မန္တလေးမှာဖြစ်ပွားတဲ့ တိုက်စလတ်ပြင် ပြုတ်ကျမှု/ဆောက်လုပ်သည့်အင်ဂျင်နီယာကို လိုင်စင်သိမ်း
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် စစ-၆ ၊ ဦးပိုင်-၄၊ အောင်ပင်လယ်ရပ်ကွက် ၊ ၅၅×၅၄
ကြား ဘုရင့်နောင်လမ်းရှိ Steel Structure (၂)ထပ် တိုက်ဆောက်လုပ်ရာမှာ ဒီနေ့မနက် ၉ နာရီခန့်က ဒုတိယထပ် စလတ်ပြင်ပြုတ်ကျမှု
ဖြစ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့်၂၅နှစ်အရွယ်ပန်းရံလုပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလတ်တလောမှာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာ
အဖြစ်ပို့ထားရတယ်လို့ နယ်မြေခံ
တာဝန်ရှိသူတွေရဲ့မှတ်တမ်းအရသိရပါတယ်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ၀ရံတာ
Sunshade ပြုတ်ကျမှုဖြစ်ပေါ်ခဲ့တဲ့အတွက်
ဆောက်လုပ်တဲ့အင်ဂျင်နီယာကို ဌာနဆီလိုင်စင် အပ်နှံစေပြီးဖြစ်ကြောင်းပြောထားပါတယ်။ တစ်စုံတစ်ဦးထိခိုက်ခဲ့ခြင်းမရှိဘူးလို့လည်း
ပြောဆိုထားပါတယ်။
credit: Popular News Journal