လေးလောင်းပြိုင်လူသတ်မှုအမှုမှန်ပေါ်ရေး ပြည်သူများဝိုင်းဝန်းကူညီရန် တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ တိုက်တွန်း
လေးလောင်းပြိုင်လူသတ်မှုမှ သေဆုံးသူများအား သြဂုတ်လ ၂၆ ရက်က ရက်လည်ဆွမ်းသွတ်ခဲ့သည်။ (ဓာတ်ပုံ - ကျော်ဇင်သန်း)
မင်္ဂလာဒုံမြို့နယ် ပတ္တ မြားမြို့သစ်တွင် ရဲအရာရှိဟောင်း မိသားစုလေးလောင်းပြိုင်အ သတ်ခံရမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရန် ပြည်သူများက ရဲတပ်ဖွဲ့အား ဝိုင်းဝန်းကူညီပေး ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က တိုက်တွန်းပြောကြား သည်။
လေးလောင်းပြိုင်အသတ်ခံ ရမှုမှ သေဆုံးသွားသူတို့အတွက် သြဂုတ် ၂၆ ရက်က ပြုလုပ်သောရက်လည်ဆွမ်းသွတ်အလှူသို့ ဦးလင်းနိုင်မြင့် လာရောက်စဉ် အမှုနှင့်ပတ်သက်၍ ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
‘‘ဒါက ကျွန်တော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ် တာဖြစ်တယ်။ နောက်ပြီး ကလေး တွေကို လူမဆန်စွာ သတ်ဖြတ် သွားတဲ့အတွက် ကျွန်တော်ဒီကို ရောက်လာတာပါ။ ရဲတပ်ဖွဲ့က လည်း ဒီကိစ္စကို အပူတပြင်းစုံစမ်း နေတယ်ဆိုတာ ကျွန်တော်သိ တယ်။ အမှုမှန်ပေါ်ဖို့အတွက် ကျွန်တော်တို့အနေနဲ့လည်း ရဲတပ်ဖွဲ့ ကို ကူညီပေးသွားမှာပါ။ ပြည်သူ တွေအနေနဲ့လည်း ကျွန်တော်တို့ လိုပဲ ကူညီပေးမယ်လို့ မျှော်လင့် ပါတယ်’’ဟု ၎င်းက ဆိုသည်။
လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည်မှာ တစ်ပတ်ခန့် ကြာမြင့်လာပြီဖြစ်သော်လည်း ရဲ တပ်ဖွဲ့က အမှုနှင့်ပတ်သက်၍ သဲ လွန်စမရရှိသေးခြင်းအပေါ် မည် သို့ မှတ်ချက်ပြုလိုကြောင်း မေး မြန်းရာ တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ က မှတ်ချက်မပေးလိုကြောင်း ပြောကြားသည်။
‘‘ပြည်သူတွေအနေနဲ့လည်း ဒီလူသတ်မှုနဲ့ပတ်သက်ပြီး ခိုင်လုံ ထင်ရှားတဲ့ အထောက်အထားရှိ ရင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်း ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချင် ပါတယ်’’ဟု ဦးလင်းနိုင်မြင့်က ဆိုသည်။
မင်္ဂလာဒုံမြို့နယ် ပတ္တမြား မြို့သစ်၊ ရွှေနံ့သာကျေးရွာအုပ်စု ကျူးကျော်ကွက်သစ်ရပ်ကွက် မြ အေးချမ်းသာလမ်းသွယ်တွင် ရဲ အရာရှိဟောင်း၏မိသားစုငါးဦး နေထိုင်သော နေအိမ်၌ အခင်းဖြစ်ချိန်၌ အိမ်ရှိ လူလေးဦးမှာ သြဂုတ် ၂၀ ရက်က အသတ်ခံခဲ့ရ သည်။
သေဆုံးခဲ့သူ ရဲအရာရှိ ဟောင်း၏ယောက္ခမ ဒေါ်ရီရီနွဲ့ သည် ရွှေပြည်သာမြို့နယ်ရှိ အစ်မ တော်စပ်သူ နေအိမ်သို့ ညအိပ် သွားရောက်ခဲ့ပြီး သြဂုတ် ၂၀ ရက်နံနက်၌ နေအိမ်သို့ ပြန်လာသော အခါတွင် ၎င်း၏မိသားစုဝင်များ သေဆုံးနေသည်ကို စတင်တွေ့ရှိ ခဲ့ကြောင်း အသက်(၅၄)နှစ်အ ရွယ် ဒေါ်ရီရီနွဲ့က ပြောသည်။
ဓားဒဏ်ရာများဖြင့် သေဆုံးနေသော ယင်းမိသားစု၏အိမ် ထောင်ဦးစီးမှာ အသက်(၃၇)နှစ်အရွယ် ဒုရဲအုပ်အရာရှိဟောင်း ဦးစိုးနောင်ဖြစ်ပြီး အသက်(၃၄)နှစ်အရွယ်ဇနီး မချယ်ရီပွင့်၊ အသက်(၁၃)နှစ်အရွယ် သားကြီးဖြစ်သူ အဋ္ဌမတန်းကျောင်းသား ဟန်သူရနှင့် သားငယ်အသက်(၈) နှစ်အရွယ် တတိယတန်းကျောင်း သားစွမ်းထက်မြတ်တို့ ဖြစ်ကြ သည်။
သေဆုံးသူမိသားစုမှာ လူ သတ်မှုဖြစ်ပွားသည့် နေအိမ်သို့ ပြောင်းရွှေ့လာသည်မှာ ရှစ်လခန့်ရှိပြီး အနီးဝန်းကျင်မှ လူများနှင့် ခိုက်ရန်ဖြစ်ပွားခြင်းမရှိဘဲ ရပ် ကွက်တွင် အေးဆေးစွာ နေတတ် သူများဖြစ်ကြောင်း အဆိုပါရပ် ကွက်နေထိုင်သူအချို့က ပြော သည်။
ကမာရွတ်မြို့နယ် စိမ်းလဲ့ ကန်သာလမ်းသွယ်တွင် ၂၀၀၈ မတ်လ ၃ ရက်က ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ရှစ် နှစ်ကျော်အတွင်း ရန်ကုန်မြို့၌ မိသားစုအလိုက် လူဦးရေအများ ဆုံးအသတ်ခံရသည့် ဖြစ်စဉ်ဖြစ် သည်။
Credit: 7daydaily
http://www.7daydaily.com/story/73941
