လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှ လူသိများနေသော Like သုံးသိန်ကျော် Cele Cele Small ပေ့ခ်ျအကြောင်း တစေ့တစောင်း
အားလုံးကိုနှုတ်ဆက်ပါတယ်...မနှုတ်ဆက်ခင်ဝန်ခံသင့်တာ
လေးဝန်ခံသွားပါရစေ.....
သမီးတို့ဟာ တစ်ကယ်တော့ FB ပေါ်မှာလူတွေ
ပျော်ရွှင် ဒေါသဖြစ်အောင်အမျိုးမျိုးကို ဝါသနာအရဘေလ်
ကုန်ခံပြီးလုပ်ပေးရတဲ့ နည်းပညာသူငယ်ချင်းတွေပါ......
FB စပေါ်ကာစက အညာသားပါးရိုက် ဗိုလ်ချုပ်ကို အညာသား
အဆင့်မရှိဘူးဆိုပြီးလူတွေဒေါသထွက်အောင်လုပ်ပြီးလူသိ
အောင်လုပ်ခဲ့တဲ့ အိဇာဖြူဆိုတဲ့ဇာတ်ကောင်ဖန်တီးရှင်ဟာ
ဖြူဇင်အေးခိုင်ဆိုတဲ့သမီးသူငယ်ချင်းပါပဲ... နည်းပညာကပေါ့
အခု ဖိုးတစ်ခေတ် Page ကိုသူကိုင်ပါတယ်.... သမီးကတော့
ပထမ ဖွေးဖွေးဂေါင်လီချစ်စနိုးဦးဆိုပြီး ရုပ်ဆိုးဆိုးဗီယက်နမ်မ
ပုံသုံးပြီး သမီးကိုဖွေးဖွေးနဲ့တူတယ်လို့ပြောနေကြတာ ဟုတ်
လားဟင်ဆိုပြီးပြောရာကစပြီးလူတွေက Share ကြ လှောင်
ကြနဲ့သိသွားကြတဲ့ဇာတ်ကောင်ဖန်တီးရှင်ပါ...နောက်ပိုင်း
သူ့ကိုလူတွေရိုးသွားတော့ ဘာမှမတင်တော့ပဲ Page ကို
ဖျက်ပြီး တော်တော်လေးကြာတော့မှ မန္တလေးမှာနေပြီး
မြို့ပြင်မှာနေတဲ့သူတွေအဆင့်မရှိဘူး ဆင်းရဲသားတွေပပျောက်
အောင်ကားနဲ့လိုက်သတ်ပစ်မယ်ဆိုပြီး လူတွေကဆဲကြတဲ့
Nan Yu May Page ကိုထပ်ထောင်ပြီး နန်းနဲ့စန်းဆိုတဲ့
ဇာတ်ကောင်ကိုဆက်လက်ဖန်တီးယူခဲ့ပါတယ်...ဒီလိုနဲ့
နန်းနဲ့စန်းကနာမည်ကြီးပြီး တော်တော်ကြာတော့သမီးယူသုံး
ထားတဲ့ပုံပိုင်ရှင်ကဗီယက်နမ်မင်းသမီးဆိုတာသိသွားပြီး..
သမီးလဲလူတွေသိပ်မသိကြသေးခင် နန်းကိုရေထဲကျသေပြီ
လို့သတ် တော်ကြာစန်းကိုရထားတိုက်သေပြီလို့သတ်
အဲ့ဒီ့အချိန်မှာ သူတို့နှစ်ယောက်အမွေတွေကိုဆက်ခံဖို့သြဇီ
ကနေမြန်မာပြည်ရောက်လာတဲ့ နန်းနဲ့စန်းရဲ့ညီမအငယ်ဆုံး
ဆယ်တန်းကျောင်းသူလေး ခီခီဆိုတဲ့ ဇာတ်ကောင်လေးကို
ဆက်လက်အသက်သွင်းခဲ့ပါတယ်....လူတွေအယုံလွယ်ချက်
ကလဲ ခီခီ ကိုတစ်ကယ့်မြန်မာပြည်ကကောင်မလေး သူကိုယ်
တိုင် ဒီ Page ကိုသုံးနေတယ်ထင်ကြတာပါ..ခီခီဇာတ်ကောင်
ကိုကျဆယ်ကျော်သက်အရွယ်ချစ်စရာဗီယက်နမ်ကောင်မလေး
ပုံသုံးပြီး Hk..Hk...ငါ့အလှနဲ့မြန်မာပြည်နဲ့မတန်လိုက်တာ...
ဆိုပြီးလူ တမင်မုန်းအောင်ရေးပြီးလူသိအောင်လုပ်ခဲ့တာပါ..
လူတွေကလဲ ခီခီ ကိုတစ်ကယ်မြန်မာပြည်ကကောင်မလေး
ထင်ပြီး ဆဲကြဆိုကြနဲ့နာမည်ထပ်ကြီးပြန်ပါတယ်.....
သူကိုတော့လူတွေက i.phone 6 နဲ့ပြိုင်ကားအနီပဲကြွားတဲ့
ငကြွားမလေးဆိုပြီးပထမအမြင်ကတ်ပြီးဘာတင်တင်ဆဲကြ
ပါတယ်....နောက်ပိုင်းသမီးလဲရေးရင်း ရေးရင်းနဲ့လူတွေကမဆဲ
ကြတဲ့အပြင်မခံချင်အောင်ပြောလဲ ချစ်စရာလေး မဆဲဘူး
ဘာညာဆိုပြီးဝန်းရံနေကြတော့သမီးလဲ...စိတ်ညစ်ပြီး ခီခီ
ဇာတ်ကောင်ကို အဲ့ဒီ့အချိန်ကလဲဆယ်တန်းစာမေးပွဲတွေနီး
နေတော့ ဆယ်တန်းဖြေရတော့မှာမလို့ ဒီ Page ကို ခီ့အဒေါ်
ယုဝါဝါသောင်းကိုအပ်ခဲ့မယ်ဆိုပြီးကြံရပါတယ်... ပြီးတော့
Nan Yu May ဆိုတဲ့ Page Name ကို Yu War War သောင်း
ဆိုပြောင်းလိုက်ပါတယ်....ယုဝါဝါသောင်းရဲဇာတ်ကောင်အတွက်
ဗီယက်နမ်မတွေပုံကိုမွှေနောက်ရှာရင်း နောက်ဆုံး ခပ်ချေချေ
အသက်သုံးဆယ်ဝန်းကျင်တစ်ယောက်ပုံယူသုံးပြီး
အဆင့်မရှိတဲ့ဟာတွေ ငါ့လိုစားနိုင်လား ငါ့လိုဝတ်နိုင်လား
လို့ရေးတင်ပြီးဇာတ်ကောင်အသစ်မွေးခဲ့ပါတယ်...အဲ့ဒီ့လို
စပြီးတင်ကြတဲ့အချိန်လူတွေကလဲ သူ့ကိုမြန်မာပြည်က
ူသူုမကိုယ်တိုင်သုံးနေတာပဲထင်ပြီးအဆင့်အတန်းစကားပြော
တဲ့အတွက်ဆြဲကရင်းလူသိပြန်ခဲ့ပါတယ်..အဲ့ဒီ့အချိန်လူတွေက
ခီခီ့ကိုပဲပြန်သုံးခိုင်းခင်ဗျားကြီးမသုံးနဲ့ဆိုပြီးတောင်းဆိုကြပါတယ်
ဒါပေမယ့်လဲခီခီကိုဆယ်တန်းစာမေးပွဲတစ်ကယ်ဖြေနေတယ်
အထင်ခံရအောင် ယုဝါဝါသောင်းဇာတ်ကောင်ပဲဆက်လက်သုံး
ပြီးi.phone 6 ဆိုတာငါအလုပ်လုပ်တဲ့နိုင်ငံမှာသူတောင်းစား
တွေပဲကိုင်တာလို့တင်ရင်း လူတွေကဆဲကြShare ကြနဲ့
နောက်ဆုံးယုဝါဝါသောင်းနဲ့အသားကြပြီး ဘာတင်တင်ဆဲကြ
ပြီးခီခီ့ကိုတောင်မေ့သွားစေပြီး သူတို့စိတ်ထဲ ယုဝါဝါသောင်း
ဆိုတဲ့ဗီလိန်မကလွှမ်းမိုးသွားပါတယ်....တစ်ဖက်မှာလဲ..
သမီးက. မမထားဆိုတဲ့ဇာတ်ကောင်ဖန်တီးပြီးလူတွေသိစပြု
နေပါပြီ...Page နှစ်ခုကြားဗျာများနေပြီး နောက်ဆုံး ယုဝါဝါ
သောင်း Page ကိုမသုံးချင်တော့လို့. ဖြူဇင်အေးခိုင်နဲ့ရန်ဖြစ်
ချင်ယောင်ဆောင်ပြီး ဖြူဇင်အေးခိုင်က. Page. ကို Hack
ပစ်သွားတယ်ဆိုပြီး ဖြူဇင်အေးခိုင်နဲ့တိုင်ပင်ပြီး လုပ်ခဲ့လိုက်
တာပါ....ဒီအချိန်မှာပဲ မမထားကနာမည်ကြီးနေပါပြီ....ဝန်ခံ
ပါရစေ.... မမထား တင်တဲ့အချစ်ဇာတ်လမ်းတွေရဲ့ကုန်ကြမ်း
က စာရေးဆရာမဂျူး စာအုပ်တွေထဲကတစ်ချို့တစ်ဝက်ကို
ယူသုံးပြီး ကိုယ်ပိုင်ဥာဏ်လေးကွန့်ပြီးဖန်တီးခဲ့တာပါ...
မမထားအရေးအသားတွေကိုလူတွေကြိုက်လို့အောင်မြင်
မယ်မကြံသေးဘူး.... မမထားပုံယူသုံးထားတဲ့ ပုံပိုင်ရှင်အစစ်
ကိုလူတွေကတွေ့ပြီးဖော်ထုတ်လိုက်ကြတော့ သမီးလဲအခက်
တွေ့ပြီး မမထားကိုဖျက်သိမ်းပြီး အခု Cele Cele Small ဆို
ပြီးထပ်ပေါ်လာတာပါ.... သမီးအားလုံးကိုဝန်ခံလက်စနဲ့ဝန်ခံ
လိုက်ပါတော့မယ်...ဒီကိစ္စပြောလို့. ဖြူဇင်အေးခိုင်သမီးကို
မုန်းမှာအသေအချာပါပဲ....တစ်ကယ်တော့ ပန်ဆယ်လို ဆို
တာလေးဆယ်ကျော်ဖက်တီးမကြီးမဟုတ်ပါဘူး......သူဘယ်သူ
လဲဆိုတာသိရင်လူတွေကပိုအံ့သြမှာပါ...တစ်ကယ်တော့
ပန်ဆယ်လိုဆိုတာ ပဟေဠိနန်းတော်က ကိုမောင်မောင်အေး
ပါပဲ....ပထမတော့သမီးတို့မသိပါဘူး .....ပန်ဆယ်လိုဆိုတာ
နိုင်ငံရေးတွေတင်တဲ့သူလို့ပဲတွေ့ဖူးတာပေါ့...တစ်ရက်ကျ
ပန်ဆယ်လို Acc Id Lock ကျတာ PzAk ဆီ ကိုမောင်မောင်
အေးက Acc လေးရအောင်ပြန်လုပ်ပေးဖို့ အကူအညီတောင်း
ရင်းပန်ဆယ်လိုဟာမောင်မောင်အေးမှန်းသိရတာပါ...ကိုမောင်
မောင်အေးက သူဟာပန်ဆယ်လိုဆိုတာလျို့ဝှက်ပေးဖို့.......
PzAK ကိုတန်ဖိုးကြီးဟန်းဆက်လက်ဆောင်ပေးပြီးတောင်းဆို
ခဲ့ပါတယ်....နောက်ပိုင်း သမီး Cele Cele. Small Page လေး
လူသိလာတော့ PzAK က ပန်ဆယ်လိုကိုလူတွေပိုသိအောင်
သမီး Page မှာ ရန်ဖြစ်ဖို့. ကိုမောင်မောင်အေးနဲ့သမီးတို့နှစ်
ယောက်တိုင်ပြီးပြီး Follower တိုးအောင်လုပ်ခဲ့တာပါ....
လူတွေကလဲ Cele Cele Small နဲ့မတည့်တဲ့သူဆိုပြီးပန်ဆယ်
လိုကိုသတိထားမိသွားကြပါတယ်....ပရိသတ်ကိုညာပြီး
ရန်ဖြစ်ချင်ယောင်ဆောင်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်..
ခုလိုသမီးအားလုံးကိုဖော်ကောင်လုပ်ခဲ့တာလဲအကုသိုလ်
အလုပ်တွေရေးရင်းပြောရင်းနဲ့ ဝဋ်လည်မှာကြောက်လို့ပါ...
သမီးတို့ရည်ရွယ်ချက်ကတစ်ခုတည်းပါ......ခုလိုလူအမြင်
ကတ်စေမယ့်ဇာတ်ကောင်တွေဖန်တီးတာဟာ လူတွေရဲ့
မွန်းကျပ်မှု့တွေကိုချေဖျက်ပေးချင်နဲ့စေတနာတစ်ခုအတွက်ပါ
ဘယ်သူမဆိုလုပ်ငန်းခွင်တွေမှာ...ကိုယ့်အထက်လူကြီးတွေ
ကဆဲတာဆူတာကို ပြန်ပြောချင်ပေမယ့်လဲမျိုသိပ်ခဲ့ရတဲ့
သူတွေရှိမှာပဲလေ...ဒါကြောင့်သမီးတို့ကပေါ်ပင် Page တွေ
ဖန်တီးပြီးဒေါသတွေကို FB ပေါ်မှာလွတ်လပ်စွာပေါက်ကွဲပါ
စေဆိုပြီး အဆဲတောင်းဇာတ်ကောင်တွေနဲ့ဖန်တီးပေးခဲ့ကြတာ
ပါ....အားလုံးကိုပြောချင်တာက. သမီးတို့လူမျိုးတွေအယုံ
မလွယ်ပါနဲ့လို့...သတင်းတစ်ခုခုဆိုလဲချင့်ချိန်ပြီးမှယုံကြပါ
ပြီးတော့ သတင်းတစ်ခုတက်လာရင် ဥပမာ လူပျောက်
ကြော်ငြာပေါ့.... ကလေးမလေးပျောက်နေလို့. Share ပေး
ကြပါဆိုရမ်း မ Share ပါနဲ့လို့. ကလေးမလေးပျောက်တဲ့
သတင်းက FB ပေါ်ကာစကတည်းကဖြစ်လို့ခုဆိုကလေးမ
လေးကအပျိုပေါက်အရွယ်လောက်တောင်ရောက်နေလောက်
ပြီ...သတင်းတစ်ခုခုဆို Date ခုနှစ်ကြည့်ပြီးမှ Share ကြပါလို့
လူတွေကသူများ Share တိုင်း ခုနှစ်မကြည့်ပဲ Share တော့
သတင်းတွေကအခုလတ်တလောဖြစ်နေတာလို့ထင်နေကြ
လို့ပါ......နောက်ဆုံးအနေနဲ့ပြောချင်တာက. ခုကစပြီး
Cele Cele Small Page ကိုမေ့ပေးကြပါလို့....သမီးလဲ ဒီ
လောကထဲကထွက်ဖို့ဆုံးဖြတ်လိုက်ပါပြီ....သစ္စာဖောက်တယ်
ပဲပြောပြော အားလုံးကို FB ပေါ်က နာမည်ကြီးခဲ့တာတွေရဲ့
နောက်ကွယ်ကအဖြစ်မှန်ကိုဖော်ထုတ်ပေးလိုက်ရလိုပေါ့သွား
ပါပြီ...အဓိကက. အကုသိုလ်အလုပ်ကြီးကိုဆက်မလုပ်ချင်
တော့လို့ပါ.....နောက်ဆုံးတစ်ခုက. သမီးတို့ကဘယ်လောက်
နာမည်ကြီးကြီး ကိုယ့်ရဲ့ရုပ်အစစ်အမှန်ကိုဘယ်တော့မှချပြ
ခွင့်မရမယ့်အတူတူ လက်တွေ့ဘဝမှာပဲလုပ်ငန်းတွေအောင်
မြင်ဖို့ပဲလုပ်တော့မယ်လို့....နောက်ဆုံးစကား နောက်ဆုံး
Post နဲ့အတူအားလုံးကိုထာဝရနှုတ်ဆက်ခဲ့ပါရစေ. ။။ ။။
Cele Cele Small 14.8.2016 3:03AM
Credit: Cele Cele Small