ဗေလုဝနှင့်အတူ ထိုင်းမင်းသမီး Phatchara Thabtong ပါဝင် သရုပ်ဆောင်မည့် ‘နာနာဘာဝ’ ရုပ်ရှင်ဇာတ်ကား စက်တင်ဘာလအတွင်း ရိုက်ကူးမည်


Myanmar Media 7 က စီစဉ်ရိုက်ကူးမည့် အကယ်ဒမီ ဗေလုဝနှင့်အတူ ထိုင်းမင်းသမီး Phatchara Thabtong တို့ အဓိက ပါဝင်သရုပ်ဆောင်မည့် ‘နာနာဘာဝ’ ဟု အ မည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလ အတွင်း ရိုက်ကူးရန် စီစဉ်ထားသည်ဟု သိရသည်။

‘‘ဒီဇာတ်ကားအတွက် ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ဆရာအကြည်တော်ဆီက ရတာပါ။ ဇာတ်လမ်းက ၀ိညာဉ်ဇာတ်လမ်းလေး ဖြစ်ပြီး ထိုင်းနဲ့ မြန်မာဇာတ်လမ်းလေး ဖြစ်နေတယ်။ ဒါကြောင့် ထိုင်းမင်းသမီး ကရဗီကို ကိုယ်တို့ မီဒီယာနဲ့ ချိတ်ဆက်ပေးခဲ့တဲ့ ထိုင်းမီဒီယာကနေပြီး ထိုင်းမှာ တက်သစ်စ မော်ဒယ်၊ မင်းသမီး တစ်ဦးဖြစ်တဲ့ Phatchara Thabtong ကို ဒီဇာတ်ကားအတွက် ချိတ်ဆက်ပေးခဲ့တာပါ။’’ ဟု Myanmar Media 7 ၏ ဥက္ကဋ္ဌ ကိုဝေမင်းမောင်က ဆိုသည်။

Credit' EMG
Powered by Blogger.