အိမ်ထောင်ရေး ဖောက်ပြန်မှုတွေကိုဖော်ထုတ်နိုင်ဖို့ Spy Appများအသုံးပြုမှုမြင့်တက်လာ
လတ်လောလေ့လာမှုတွေအရ အိမ်ထောင်ရှင်တွေဟာ မိမိရဲ့အိမ်ထောင်ဘက် ဖောက်ပြန်မပြန်ကို Spy Appsတွေနဲ့
စုံစမ်းလာကြတယ်လို့ သိရပါတယ်။ ဒီလိုappမျိုးတွေဟာ မိမိရဲ့အိမ်ထောင်ဘက်ဖုန်းထဲကို သူမသိအောင် Install
လုပ်ထားရတာလည်း ဖြစ်ပါတယ်။
ဒီလိုAppမျိုးတွေ သွင်းထားပြီးရင် သွင်းထားတဲ့ဖုန်းရဲ့အဝင်အထွက် callမှန်သမျှကိုကြားနိုင်မှာဖြစ်ပါတယ်။ text message တွေကိုလည်းဖတ်နိုင်မှာ ဖြစ်ပါတယ်။ဖုန်းပေါ်ကအခြားလုပ်ငန်းဆောင်တာတွေကိုလည်း စောင့်ကြည့်နိုင်
မှာဖြစ်ပါတယ်။

ဒီappတွေကိုတားမြစ်တဲ့ဥပဒေလည်း မရှိတာကြောင့် app တီထွင်သူတွေဟာ တစ်နှစ်ကို ၂၈၈ပေါင်ဈေးနှုန်းလောက်နဲ့
သုံးစွဲသူထံရောင်းချနေကြပါတယ်။ ဒီappတွေကြောင့် မိမိခင်ပွန်း၊ ဇနီး ရောက်နေတဲ့ နေရာကိုလည်း သိနိုင်မှာဖြစ်ပါ
တယ်။ သူတင်နေတဲ့ဓာတ်ပုံတွေလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့အပိုင်းကတော့ app install လုပ်တဲ့
အချိန်မှာ သူမသိအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။ ဒါဟာ အခြားတစ်ယောက်ရဲ့ Privacyကိုချိုးဖောက်ခြင်းလို့ အချို့ကလည်း
ယူဆနေကြပါတယ်။
Source: thesun
ထူးထူး (Shwemom)