ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား  ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သည့်ဖြစ်စဉ်မှ ပြစ်မှု ကျူးလွန်သူတစ်ဦးအား ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၂၀


ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်း

နှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတားမြို့ရဲစခန်း

(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂

ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသော အမှုမှပြစ်မှုကျူးလွန်သူများအား 

ဖမ်းဆီး ရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက 

လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ပြစ်မှုကျူးလွန်သူနှစ်ဦးအနက် ဒေါ်တင်သူဇာ၊

(၅၇)နှစ်အား ၎င်း၏အဒေါ်ဖြစ်သူနေထိုင်သော သင်္ဃန်းကျွန်းမြို့နယ်၊ 

(ခ)ရပ်ကွက်၊ ပြည်တော်သာလမ်းရှိနေအိမ်မှ ၂၀.၉.၂၀၁၆ ရက်နေ့ 

၂၁၄၀ အချိန်တွင် ဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်

ရှိကြောင်းနှင့် ကျန်ပြစ်မှုကျူးလွန်သူ မစုမွန်လတ်အား ဖမ်းဆီးရမိရေး 

ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police

Powered by Blogger.