ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သည့်ဖြစ်စဉ်မှ ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိ
ရန်ကုန်၊ စက်တင်ဘာ ၂၁ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်း
နှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတားမြို့ရဲစခန်း
(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိသောအမှုမှ ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူ
တင်မင်းလတ်(ခ)ဖိုက်ဇယ် (၃၇)နှစ်အား ၂၁.၉.၂၀၁၆ ရက်နေ့ ၁၀၁၅
အချိန်တွင်လည်းကောင်း၊ မစုမွန်လတ် (၂၇)နှစ်အား ၂၁.၉.၂၀၁၆ ရက်နေ့
၁၂၅၅ အချိန်တွင်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဆက်လက်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Ref : Yangon Police