မြိတ်မြို့တွင် ခွန်းတရပ် ညက အကျည်းတန်အရုပ်ဆိုး အောင် ပြုလုပ်ခဲ့သည့် ဆိုးသွမ်းလူငယ်(၇)ဦး ဖမ်းဆီးရမိ
မြိတ်မြို့ရှိ လူကြီးမင်း ဖုန်းဆိုင်မှ အရောင်း ကောင်တာများ ကို စက်တင်ဘာ(၂၀)ရက်၊ နံနက် (၀၀:၃၀) နာရီခန့်က ဆိုးသွမ်းလူငယ်တစ်စုမှ လာရောက် ဖျက်ဆီးသွားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်ထွန်း အနီးကပ် ကြီးကြပ် လျက် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းဇော်ဦးတို့ ကြီးကြပ်ကာ မြိတ်ခရိုင် မှု/ကူအဖွဲ့မှ ရဲအုပ်ခင်မောင်အေး ဦးစီး တပ်ဖွဲ့ဝင်များ၊ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းနိုင် ဦးစီးတပ်ဖွဲ့ဝင်များ၊ နယ်မြေရဲကင်းများမှ တပ်ဖွဲ့ဝင်များသည် CCTVမှတ်တမ်း မှ ဓာတ်ပုံ၊ ဆိုင်ကယ် အမျိုးအစားတို့အား မြို့ပေါ် ရပ်ကွက် အတွင်းရှိ အုပ်ချုပ်ရေးမှူးများထံ ပြသ စုံစမ်း ခဲ့ရာ(၂၁-၉-၂၀၁၆)ရက်နေ့(၁၄၃၀)အချိန် လူငယ်(၇)ဦး အား ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါလူငယ်(၇)ဦးမှာ
အောင်ကိုဆွေ(ခ) ကိုကိုဆွေ၊(၁၈)နှစ်၊(ဘ)ဦးကြည်ဆွေ၊ ဗမာ/ဗုဒ္ဓ၊ ၁၀ တန်း(အပြင်ဖြေ)၊ သုခ(၉)လမ်းသွယ်၊ အောင်မင်္ဂလာ ရပ်၊
အောင်ခန့်ကျော်(၁၇)နှစ်၊(ဘ)ဦးစိုးသွယ်၊ ဗမာ/ ဗုဒ္ဓ၊ နဝမတန်း(စီ)၊ အထက(၆)အုန်းတောကျောင်း၊ ပုလဲ(၁)လမ်း၊ အင်းလေးမြိုင်(၄)ရပ်၊ မြိတ်တောင်ကျေးရွာ၊
ဖြိုးပြည့်စုံ(၁၈)နှစ်၊(ဘ)ဦးလှဝင်း၊ ဗမာ/ဗုဒ္ဓ၊ လှေသား၊ သုခ(၈)လမ်း၊ အောင်မင်္ဂလာရပ်၊
ဇင်မင်းဖြိုး (ခ)တင်ကို၊ (၁၉)နှစ်၊ (ဘ)ဦးတင်ထွန်းဝင်း၊ ဗမာ/ဗုဒ္ဓ၊ လှေသား၊အမှတ်(၆၁)၊ ဓမ္မသုခလမ်း၊ ဘုရားကိုင်ရပ်၊ မြိတ်တောင်နယ်မြေ၊
ပြည့်ဖြိုးအောင်(၁၈)နှစ်၊ (ဘ) ဦးအေးမြင့်၊ မွတ်ဆလင်/အစ္စလာမ်၊ ၁၀ တန်း (အပြင်ဖြေ)၊ အမှတ်(၁၀၅)၊ ငြိမ်းချမ်းရေးလမ်း၊ ထားဝယ်ကမ်း(၁)ရပ်ကွက်၊
တာရာလင်း(၁၈)နှစ်၊(ဘ) ဦးဝင်းနိုင်၊ဗမာ/ဗုဒ္ဓ၊ ပထမနှစ်(ဓာတု)၊မြိတ်တက္ကသိုလ်၊ အောင်မင်္ဂလာဘုန်းကြီးကျောင်းလမ်း
တို့အား ဆိုင်ကယ်(၃)စီးနှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။
၎င်းတို့၏ထွက်ဆိုချက်အရ ၄င်းတို့အပြင် နောက်ထပ် လူငယ်(၄)ဦး ပါသေးကြောင်း (၂၀-၉-၂၀၁၆)ရက်နေ့ ညက ဆိုင်ကယ်(၃)စီးဖြင့် ထွက်ခွာလာပြီး အသင့် ယူဆောင် လာသောတုတ်ဖြင့် လူကြီးမင်း ဖုန်းဆိုင်၏ အရောင်းကောင်တာ မှန်ပုံးများ ရိုက်ဖျက်ခဲ့ကြောင်း ထွက်ဆို သဖြင့် ထွက်ပြေးနေသော လူငယ်(၄)ဦးအား ဖမ်းဆီးရမိရေး ဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ
Myat Htut - Myeik
