အမျိုးသမီးငယ်တစ်ဦးအား မတော်မတရားပြုကျင့်ရန် ကြံစည်မှုဖြင့် ဘင်္ဂါလီတစ်ဦး ထောင် ၁ဝ နှစ်ချမှတ်ခံရ

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ စက်တင်ဘာ ၂၁


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးကို မတော်မတရား ပြုကျင့်ရန် ကြံစည်ခဲ့သည့် ဘင်္ဂါလီအား စက်တင်ဘာလ ၂၁ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်ပြီး ဖြစ်ကြောင်း မြောက်ဦး မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်မြဝင်းက နိရဉ္စရာသို့ အတည်ပြု ပြောသည်။


“သူ့ကို ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ မြောက်ဦး ခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင် ၁ဝ နှစ် ချလိုက်ပါတယ် ”ဟု တရားရုံးမှ ဆုံးဖြတ်ချက်ချပြီး မကြာမီ နိရဉ္စရာက ဆက်သွယ်စဉ် သူက ပြောသည်။


ယခုထောင်ဒဏ် ချမှတ်ခံရသူမှာ အပေါက်ဝကျေးရွာ အုပ်စုရှိ ပြားမူဆလင် ရပ်ကွက်တွင်နေသူ ဇော်ကီယာ (၂၅ နှစ်)ဖြစ်ပြီး သူသည် ဇွန်လ ၁၆ ရက်နေ့ညနေပိုင်းက အပေါက်ဝကျေးရွာ ရန်တားရပ်ကွက်သစ်တွင် နေထိုင် သော အသက် ၁၆ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦး အား မတော်မတရားပြုကျင့်ရန် ကြံစည်ခဲ့သည့် အတွက် ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။


ထောင်ဒဏ်ချမှတ်ခံရသူသည် အဆိုပါအမျိုးသမီးငယ် တွင် ဝတ်ဆင်ထားသည့် ရွှေလက်စွပ် အားလည်း ချွတ်ယူ သွားသည့် အတွက် သူ့အား လုယက်မှု ပြစ်မှု့ ဆိုင်ရာ ဥပဒေပုဒ်မနှင့် အရွယ် မရောက်သူ ကလေးငယ် များအား စော်ကျူးလွန်သည့် ပုဒ်မများဖြင့် အပေါက်ဝ ရဲစခန်းက အမှုဖွင့်ခဲ့ပြီး မြောက်ဦးခရိုင် တရားရုံးက စစ်ဆေး အရေးယူ ခဲ့ခြင်းဖြစ်သည်။


နိရဉ္ဇရာ

Powered by Blogger.