နီပေါမှ အသက် ၇ နှစ်အရွယ် ကလေးငယ်ကို နတ်ဘုရားအဖြစ် သတ်မှတ်ကိုးကွယ်ထား

နေ့စဉ် လာရောက်ကိုးကွယ်၊ ဆုတောင်းသူတွေ များစွာ ရှိတယ်လို့ သိရပါတယ်။
နီပေါနိုင်ငံမှာ နေထိုင်သူကလေးငယ် တစ်ဦးဟာ သက်ရှင်ထင်ရှားရှိနေတဲ့ နတ်ဘုရားမ တစ်ဦးအဖြစ် ရွေးချယ်သတ်မှတ်ထားခြင်း ခံရကြောင်း သိရပါတယ်။

အသက် ၇ နှစ်အရွယ်သာ ရှိသေးသူ ယူနီကာကို ကူမာရီ အဖြစ် အရပ်က ရွေးချယ်တင်မြှောက်ထားတာ ဖြစ်ပါတယ်။ ထူးခြားတဲ့မျက်လုံးနဲ့ အသံတို့ကို မွေးရာပါ ပိုင်ဆိုင်ထားတာကြောင့် အသက်ရှင်လျှက်ရှိနေတဲ့ နတ်ဘုရားမအဖြစ် သတ်မှတ်ထားကြတာဖြစ်ပြီး နှစ်စဉ် ရိုးရာမပျက်ပြုလုပ်တဲ့ မိုးရာသီပွဲတော် ရောက်တဲ့အခါ လာရောက်အရိုအသေပေး၊ ဆုတောင်းကြသူတွေ များစွာရှိတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ဟိန္ဒူဘာသာ ကိုးကွယ်သူတွေနဲ့ ဗုဒ္ဓဘာသာကိုးကွယ်သူ အချို့ဟာ အဆိုပါ ကလေးငယ်ထံ လာရောက်တောင်းဆု ပြုပြီး အရိုအသေပေးကြတာဖြစ်ပါတယ်။ သူမထံကို လာရောက်ဆက်သ ကိုးကွယ်သူတွေထဲမှာ နီပေါနိုင်ငံ ဝန်ကြီးချုပ် ပွတ်ရှ်ပါကာမဲလ်တောင် ပါဝင်တယ်လို့ သိရပါတယ်။

ယူနီကာကို နတ်ဘုရားမအဖြစ် သတ်မှတ်လိုက်ပြီးနောက် သူမရဲ့ မိဘတွေဟာ လက်ရှိအလုပ်အကိုင်တွေကို စွန့်လွှတ်လိုက်ပြီး သမီးငယ်ကို အလုပ်အကျွေးပြုဖို့သာ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
Source : Daily Mail
Credit: Duwun